အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဥပဒေကြမ်းတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သူလက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေကြမ်းကတော့ ရွှေ့ပြောင်းလာသူတွေ အလုံးအရင်းဝင်ရောက်လာမှုကို ဖြေရှင့်မယ့် ဒေါ်လာ ၄ဒသမ ၆ ဘီလီယံ တန်ဥပဒေကြမ်းပဲဖြစ်ပါတယ်။

၎င်း ငွေကြေး ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံထဲက ၃ ဘီလီယံနီးပါးလောက်ကိုတော့ ကျန်းမာရေးနဲ့ လူသားချင်းအကူအညီပေးရေးဌာနကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

ပေးအပ်ရတဲ့အကြောင်းရင်းကတော့ အုပ်ထိန်းသူမဲ့နေတဲ့ ကလေးငယ်လေးတွေကို သင့်တော်တဲ့နေအိမ်တွေမှာ နေရာချထားပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ငွေကြေးထဲက ၁ ဒသမ ၃ ဘီလီယံ ကိုတော့ ပြည်တွင်း လုံခြုံရေးဌာနကို ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ နိုင်ငံထဲမှာရှိနေတဲ့ ထိန်းသိမ်းခံ အရွယ်ရောက်ပြီးသားလူတွေကို စားဝတ်နေရေးနဲ့ ဆေးကုသရေးအခြေခံလိုအပ်ချက်တွေ ဖြည့််တင့်ပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Source - Wizmnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။