Alexandria Vera အမည်ရှိတဲ့ ကျောင်းဆရာမတစ်ဦးဟာ ကျောင်းသားတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်မှု ရှိခဲ့ တာကြောင့် ကိုယ်ဝန်လဲရခဲ့ပြီး အပြစ်ဒဏ်လဲကျခံခဲ့ရတယ်လို့သိရပါတယ်။သူမဟာ အလယ်တန်းပြဆရာမ တစ်ဦးဖြစ်ပြီး သူမ စာသင်ရတဲ့ ကျောင်းသားတွေဟာ ဆယ်ကျော်သက်အရွှယ် လူငယ်လေးတွေပဲဖြစ်ပါတယ်။ ယခုသူမနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ကျောင်းသားလေးကလည်း အသက် 13 နှစ်အရွယ် အလယ်တန်း ကျောင်းသားလေး တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကျောင်းသားလေးဟာ တက္ကဆက်ပြည်နယ်က ကျောင်းတစ်ကျောင်းမှာဆုံခဲ့တာဖြစ်ပြီး သူတို့ချင်း အင်တာနက်ကနေ အဆက်အသွယ်လုပ်ဖို့ စာတွေပေးဖို့ခဲ့တာဖြစ်ပါတယ်။Alexandria Vera နဲ့ ဒီကျောင်းသားဟာ ကျောင်းဆင်းချိန်ဆို အမြဲတွေ့ဆုံခဲ့ပြီး သူတို့ချင်း သွေးသားဖလှယ်မှုတွေရှိတယ်လို့ တခြားကျောင်းသားတွေက ပြောတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေလို့ ဆိုလို့မရအောင် အသက်အရွယ်အလွန်ကွာခြားလွန်း နေတာကြောင့် ကျောင်းသားအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုအဖြစ် တရားစွဲခဲ့ရ တာဖြစ်ပါတယ်။

အဆိုပါကျောင်းသားဟာ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်းတွေထံ ပြန်ပြောပြခဲ့ရာမှ မိဘတွေက သိသွားခဲ့ပြီး အခုလို တရားစွဲဆိုခဲ့တာ ပဲဖြစ်ပါတယ်။သူမကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ရှေ့နေက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းခဲ့ပေမယ့် သူတို့ပေးပို့တဲ့ စာတိုတွေဟာ သက်သေဖြစ်နေတဲ့ အတွက် အမှုရှုံးခဲ့တာပဲဖြစ်ပါတယ်။ Alexandria Vera ဟာ ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခံခဲ့ရသလို အဆိုပါ ကျောင်း သားလေးနဲ့ ရခဲ့တဲ့ ကိုယ်ဝန်ရှိလည်း ရှိနေခဲ့တာပဲဖြစ်ပါတယ်။ တရားသူကြီးက ဒီအမှုနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဟာ လူ့အဖွဲ့အစည်းတခုကို တည့်မတ်ပေးနိုင်တဲ့ သင်ပြမှုကို လိုအပ်နေတာဖြစ်ပြီး လူ့အဖွဲ့အစည်းကို ယိမ်းယိုင်စေနိုင်တဲ့ ဖောက်ပြန်မှုတွေကို လက်ခံထားလို့ မရဘူးလို့ ဆိုခဲ့ပါတယ်လို့ သိရပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။