balance wheel စီးရာတွင် သတိထားရန်

အသက်ပါ ဆုံးပါးနိုင်ပါသည်။

အားလုံးဘဲ သတိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ဒီ Balance Wheel လေးကို လူကြီးရော ကလေးတွေပါဆော့နေကြတာ မြင်ဖူးတာကြာပါပြီ။ အရင်ကတော့ ကိုယ်လဲမဆော့ စိတ်လဲမဝင်စားမိဘူး မနေ့ကတော့ ကိုယ့်သူငယ်ချင်းရဲ့ ညီ ဓါတ်ပုံဆရာလေးဟာ ဒါကိုဆော့ရင်း မတော်တစ်ဆဖြစ်ပြီး အသက်ဆုံးရှုံးသွားရတာ ကြားသိရတော့ အတော်တုန်လှုပ်မိပါတယ်။

သူက သတ္တဝါလေးတွေအပေါ် သနားညှာတာတတ်သူမို့ ရှေ့ကဖြတ်ပြေးတဲ့ ပိုးဟတ်လေးကိုရှောင်လိုက်တာ ဟန်ချက်ပျက်ပြီးလဲပါတယ်။ ဦးခေါင်းကို ခိုက်မိပြီး အသက်ပါဆုံးပါးသွားခဲ့ရပါတယ်။

နဂိုက ဒီစာကိုရေးဖို့ စိတ်ကူးမရှိပါဘူး ဒါပေမယ့် Facebook ထဲက Friend တစ်ယောက်လဲ ဒါလေးဝယ်ပြီးဆော့နေတာတွေ့တော့ Helmet လေးတော့ ဆောင်းပါညီလေးလို့ Comment ရေးချင်မိပေမယ့် အပြင်မှာလဲ လူချင်းက မခင်တာမို့ အထင်အမြင်လွဲခံရမှာဆိုးပြီး ကိုယ့်Wall မှာကိုယ်တော့ ရေးဦးမယ်ဆိုပြီး ရေးလိုက်ရပါတယ်။

အသိမိတ်ဆွေရဲ့ ညီလေးဟာလဲ Helmet လေးသာဆောင်းထားမယ်ဆို သူ့ရဲ့ ကံကြမ္မာဟာ တစ်မျိုးတစ်မည်ဖြစ်နိုင်ပါတယ်။

အဲ့ဒါမျိုး Balance Wheel လေးတွေကိုဆော့ကြတဲ့ အခါမယ် BMX တို့ Skateboard တို့ စီးတဲ့အခါမျိုးမှာ ဆောင်းကြတဲ့ Helmet လေးတွေဆောင်းသင့်ပါတယ်။ အဲ့ဒီဦးထုပ်လေးတွေဟာ အခုခေတ်မှာ ဝယ်ရပြုရတာမရှားတော့သလို စျေးလဲ သိပ်မကြီးပါဘူး။

သင်ခန်းစာယူတတ်ကြပါစေ ခင်ဗျာလို့ facebook သုံးစွဲသူ ကိုကျော်ဖြိုးဝေမှ မျျဝေထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။