ခန္ဓာကိုယ်က ချွေးနံ့တွေ ကြောင့် ဆွတ်ထားတဲ့ ရေမွှေး တာရှည်မခံတာ၊ ကိုယ်ခန္ဓာအနံ့ဆိုး လွယ်လွယ်ထွက်တာတွေကို ဘယ်လိုတားဆီးရမလည်းဆိုတာတင်ဆက်ပေးမှာဖြစ်ပါတယ်...။ ရေမွှေးက ကိုယ်သင်းရနံ့ အတွက် အထောက်အကူပေးသလို နည်းစနစ်ကျကျသုံးတတ်ဖို့လည်းလိုပါသေးတယ်...။ တစ်နေကုန် အနံ့စွဲနေအောင် သင်ကြိုက်နှစ်သက်တဲ့ အနံ့လေးကို (ပျော့တာဖြစ်ဖြစ်၊ ပြင်းတာဖြစ်ဖြစ်) လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းအနောက်ဖက်လေးမှာ စွတ်ထားရမှာပါပဲဖြစ်ပါတယ်...။ အရေးကြီးတဲ့အချက်က ပွတ်ဖြန့်လိုက်ဖို့ကို မလုပ်မိဖို့ပါပဲနော်..။ ဒါဆို ရေမွှေး အနံ့က ကြာရှည်ခံမှာ မဟုတ်တော့ပါဖူး...။

နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ တစ်ညလုံးအိပ်စက်အနားယူတဲ့ ကုတင်ပေါ်က ဖက်ခေါင်းလုံး၊ ခေါင်းအုံးနဲ့ စောင်တွေကို သန့်ရှင်းအောင်ထားရမှာပါ...။ အိပ်ယာကို အခန်းသုံးရေမွှေးအနံ့ပျော့ပျော့လေးကို မအိပ်ခင်အမြဲဖြန်းပေးရမှာပါ...။ ခန္ဓာကိုယ်က တစ်ညလုံးထွက်လာတဲ့ အနံ့အသက်တွေဟာ အိပ်ယာပေါ်မှာ စွဲနေမှာဖြစ်ပါတယ်..။ ဒါကြောင့်မလို့ အိပ်ရာကိုလည်း သန့်ရှင်းအောင်ထားရမှာဖြစ်ပြီး မနက်အိပ်ရာနိုးလို့ အပြင်သွားတော့မယ့်အခါမှာလည်း ရေချိုးသွားတာဟာ အကောင်းဆုံးလို့ အကြုံပြုပါရစေ...။

အဝတ်ဗီဒိုကိုလည်း အမြဲသန့်ရှင်းအောင်ထားရမှာဖြစ်ပြီး အနံ့အသက်ကောင်းမွန်အောင် ပရုပ်လုံးတွေ ဘာတွေ ဆောင်ထား၊ ထည့်ထားရမှာပါ..။ အတွင်းခံထည့်ထားတဲ့ အံဆွဲတွေကိုလည်း ပို၍ပင်သန့်ရှင်းမွှေးပျံ့ နေအောင်ထားပေးရမှာဖြစ်ပါတယ်...။ ခံတွင်းမှာ ရေဓာတ်ခန်းခြောက်ခန်းသွားပြီဆိုရင်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာပါလိမ့်မယ်...။ ပီကေဝါးရင်း အနံ့အသက်ကို ဖုံးဖိလို့ရသလို၊ ပူရှိန်းသကြားလုံးငုံခြင်းဖြင့်လည်း ခံတွင်းရှင်းပြီး တစ်ဖက်လူ့ကို အနှောက်အယှက်ဖြစ်စေမှာမဟုတ်တော့ပါဖူးနော်...။ ချုံငုံပြောရလျှင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုတစိုက်ပြုလုပ်ရမှာဖြစ်ပြီး မိမိ ချွေးန့ံ့ဆိုးတွေကြောင့် ပတ်ဝန်းကျင်ကို ဒုက္ခမပေးရအောင် အလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်..။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။