အိန္ဒိယနိုင်ငံရဲ့ အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူး ဂန္ဒီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရာထူးကနေနှုတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။

သူရာထူးကနေ နှုတ်ထွက်မယ်ဆိုတဲ့သတင်းတွေဟာ ပြီးခဲ့တဲ့ လထဲက ထွက်ပေါ်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ၎င်းသတင်းတွေအတိုင်း အမှန်တကယ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

သူရာထူးကနေနှုတ်ထွက်ရတဲ့အကြောင်းရင်းကတော့ သူဦးဆောင်တဲ့ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီတွေကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် သူ့ရဲ့ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ အနည်းငယ်လေးသာ ရရှိခဲ့တဲ့အတွက် တာဝန်ခံတဲ့အနေနဲ့ ရာထူးကနေနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရာဟူး ဂန္ဒီရဲ့ အဖေ အဘိုးနဲ့ အဘွားတို့ဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြဖူးသူတွေဖြစ်တာကြောင့် လေ့လာသူတွေကတော့ ရာဟူး ကန္ဒီအနေနဲ့ မျိုးရိုးဂုဏ်သိက္ခာ ကို ဆက်လက်ထိန်းထားနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။

Source- India Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။