ဂျာမန်ကာကွယ်ရေးဝန်ကြီး အူးဇူလာ ဗွန်ဒယ်လိုင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဥရောပသမဂ္ဂကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့သိရပါတယ်။

သူမကို ခန့်အပ်ခဲ့တာကတော့ အီးယူခေါင်းဆောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ခန့်အပ်ခံခဲ့ရမှုကြောင့်တောင့် ဗွန်ဒယ်လိုင်းဟာ ဥရောပသမဂ္ဂရဲ့ ပထမဆုံးအမျိုးသမီး အကြီးအကဲဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့် သူမအနေနဲ့ ဒီရာထူးကို လက်ခံဖို့အတွက် ပါလီမန် ခွင့်ပြုချက်လိုအပ်နေပါသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗွန်ဒယ်လိုင်းဟာ ဂျာမန်အစိုးရအဖွဲ့အတွင်းမှာ အပြစ်အနာမကင်းတဲ့ မှတ်တမ်းတွေရှိတာကြောင့် သူမဟာ အီးယူရဲ့ ထိပ်တန်း အကြီးအကဲရာထူးအတွက် သင့်တော်မှုရှိမရှိက စဉ်းစားစရာတစ်ခုဖြစ်နေတယ်လို့ သိရပါတယ်။

Source – DW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။