ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေဆုံးသူတွေနဲ့အတူ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။     

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံရှေ့ ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၇/၆ နှင့် ၉၇/၇)အကြား ၌ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က LIGHT TRUCK ယာဉ်တစ်စီးမှ ကားလမ်းဘေးရပ်ထား ယာဉ်အားတိုင်မိမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်နဲပပတ်သက်ပြီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း တင်မျိုးထွန်း (၅၁)နှစ် (ဘ)ဦးတင်အောင် ထန်းတပင်မြို့နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာသည့် YGN 8E/ LIGHT TRUCK (၄)ဘီးအဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသော ဆိုင်ကယ်အား တိမ်းရှောင်စဉ် ကားလမ်း၏ ဝဲဘက်ခြမ်းသို့ရောက်ရှိသွားပြီး ကားလမ်းဘေး တွင်ရပ်တန့်ထားသော ငမိုးရိပ် ခရီးသည်တင်ယာဉ် နှင့် ၎င်းယာဉ်နောက်တွင်ရပ်ထားသော အဖြူရောင် AD VAN ယာဉ်တို့အား တိုင်မိခဲ့ကြောင်း ရဲမှတ်တမ်း အရသိရပါတယ်။ 

ယာဉ်တိုက် မှုကြောင့် LIGHT TRUCK ယာဉ်ပေါ်ပါသူများမှာ (ပြင်ပလူနာ/မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရှိခဲ့ပြီး ယာဉ်မောင်းမှာ ကားခေါင်းခန်းတွင် ညှပ်နေ၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများက ဝန်းဝန်းကူညီကယ်ဆယ်ကြရာ ယာဉ်မောင်းတွင် ယာဘက်ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ ယာဘက်ပေါင်ရင်းအောင့်၊ ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာ စသည့်(ပြင်ပဒဏ်ရာ/မစိုးရိမ်ရ) ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းမှ ယာဉ်မောင်းတင်မျိုးထွန်းအား ယာဉ်(ပ) ၃၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိ ကြောင်း သိရပါတယ်။

source - the Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။