အာဂျင်တီးနားနိုင်ငံ Santa Feမှာရှိတဲ့ Saints Teresa and Joseph ချာ့ချ်မှာရှိတဲ့ Cecilia Mariaအမည်ရ ခရစ်ယာန်သာသနာပြု သီလရှင်ဆရာမလေးဟာ သူမမကွယ်လွန်ခင်က ပတ်ဝန်းကျင်မှာနေထိုင်သူတွေကြား သူမရဲ့ ကြင်နာတတ်တဲ့အပြုံးကြောင့် လူသိများထင်ရှားသူတစ်ဦးဖြစ်ပါတယ်။

သူမဟာ ကလေးသူငယ်တွေကိုလည်း အမြဲကြင်နာတတ်ဖို့ သွန်သင်ဆုံးမပေးတတ်သူတစ်ယောက်ဖြစ်သလို ဘာတွေပဲကြုံတွေ့ကြုံတွေ အမြဲပြုံးနေပြီး စိတ်နှလုံးကောင်းထားကြဖို့ အမြဲသင်ပြပေးနေသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

၎င်းသီလရှင်မလေးဟာ ကင်ဆာရောဂါဝေဒနာကို အပြင်းအထန်ခံစားနေရသူတစ်ဦးဆိုပေမယ့် ဆေးရုံမှာလည်း လုံးဝအပြုံးမပျက်ဘဲ ဘုရားရှိခိုး ဆုတောင်းဝတ်ပြုနေသူလေးတစ်ဦးပဲဖြစ်ပါတယ်။

သူမခံစားနေရတဲ့ရောဂါဝေဒနာအရဆိုရင် နာလွန်လို့အော်ဟစ်နေရမှာဖြစ်ပေမယ့် အပြုံးမပျက်တဲ့ သူမရဲ့ပုံစံကြောင့် ဆရာဝန်တွေကတောင် အံ့အားသင့်ခဲ့ကြရပါတယ်။

အဲ့ဒီနောက် ဆရာဝန်တွေဟာ သူမကို လအနည်းငယ်သာ အသက်ရှင်တော့မယ်လို့ ပြောကြားခဲ့ပြီးနောက်မှာတော့ သီလရှင်မလေးဟာ ကျန်ရစ်သူတွေအတွက် စာတစ်စောင်ရေးသားထားခဲ့ပါတယ်။

သူမရေးသားခဲ့တဲ့စာထဲမှာဆိုရင်လည်း မိသားစုဝင်တွေ အပေါင်းအပါတွေအနေနဲ့ သူမသေဆုံးသွားခဲ့ရင်တောင်မှ ဆုတောင်းမပျက်ကြဖို့ ၊ အရင်ကထက်ပိုပြီး ဘာသာရေးကိုင်းရှိုင်းကြဖို့ကို တိုက်တွန်းရေးသားခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် သီလရှင်မလေးဟာ သူမသေဆုံးသွားခဲ့ချိန်မှာတောင်မှ မျက်နှာအပြုံးလေးဟာ အင်မတန်ချိုမြိန်နေတာကြောင့် သူမဟာ ဖန်ဆင်းရှင်နဲ့တွေ့ရတော့မှာမို့လို့ ပြုံးပြုံးလေးနဲ့ အသက်ထွက်သွားတာလို့တောင် ပြောကြားခဲ့ကြပါသေးတယ်။

ဒီသီလရှင်မလေးရဲ့ ဘဝကူးသွားပုံလေးက ကြည်နူးစရာကောင်းလိုက်တာနော် ပရိသတ်ကြီး။

Source – Catholishare

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။