ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မော်တော်ဘုတ်တစီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

၎င်းမော်တော်ဘုတ်ကတော့ ခရီးသည် ၃၈ ဦးတင်ဆောင်ပြီး ခိုင်ဘာ ပက်ခ်တွန်ခွာပြည်နယ်ကနေ အိန္ဒိမြစ်တစ်လျှောက်ခုတ်မောင်းလာတဲ့ မော်တော်ဘုတ်ပဲဖြစ်ပါတယ်။

၎င်းမော်တော်ဘုတ်မှောက်ရတဲ့အကြောင်းရင်းကတော့ လူမတန်တဆတင်မောင်းလာတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းမော်တော်ဘုတ်မှောက်တဲ့နေရာဟာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မလုပ်နိုင်အောင် ဝေးလံတဲ့ နေရာမှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် ၎င်းမော်တော်ဘုတ်ပေါ်မှာ လိုက်ပါလာတဲ့ လူတွေအနက် ၁၃ ဦးလောက်ကတော့ ရေကူးပြီး လွတ်မြောက်လာခဲ့ကြပေမယ့် လူတော်တော်များများကတော့ ပြောက်ဆုံးနေပါတယ်။

ကနဦးသတင်းများအရဆိုရင်တော့ သေဆုံးသူ အလောင်း ၄ လောင်းလောက်တော့ တွေ့ထားပြီဖြစ်တယ်လို့ သိရပါတယ်။

Source- Yahoonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။