ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်ထဲက ကုန်သိုလှောင်ရုံတစ်ခု မီးလောင်ခဲ့တယ်လို့သိရပါတယ်။

၎င်းကုန်သိုလှောင်ရုံကတော့ ဝီစကီအရက်စည်ပေါင်း လေးသောင်းခွဲကျော်လောက် သိုလှောင်ထားတဲ့ ကုန်လှောင်ရုံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းကုန်သိုလှောင်ရုံဟာ လူကြိုက်များတဲ့ Jim Beam ကုမ္ပဏီရဲ့ အရက်သိုလှောင်ထားတဲ့ ကုန်လှောင်ရုံဖြစ်တယ်လို့လည်း သိရပါတယ်။

၎င်းကုန်လှောင်ရုံမီးလောင်ရတဲ့အကြောင်းရင်းကိုတော့ သတင်းတွေအရ မိုးကြိုးပစ်တာကနေ မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုမီးလောင်မှုကြောင့် ကုန်လှောင်ရုံတရုံတော့ ပျက်ဆီးဆုံးရှုံးသွားခဲ့ရပေမယ့် လူတွေကိုတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိပါဘူး။

ဒါ့အပြင် ယခုမီးလောင်မှုကြောင့်လည်း Jim Beam ကုမ္ပဏီအနေနဲ့ ရောင်းလက်စ ဝီစကီဈေးကွက်ကို ထိခိုက်သွားတာမျိုး မရှိဘူးလို့ သိရပါတယ်။

source - Huffpost

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။