ပါအိုလို လူမီယာဆိုတာကတော့ တကမ္ဘာလုံးက အလိုရှိဆုံး မူူးယစ်မှောင်ခိုသမားတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။

သူဟာ အီတလီနိုင်ငံသားတစ်ဦးဖြစ်သလို မူးယစ်မှောင်ခိုမှုပေါင်းများစွာကို ပြုလုပ်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ လူမီယာဟာ ဘိုလီဗီးယားနိုင်ငံထဲမှာ ဖမ်းဆီးခံလိုက်ရပြီပဲဖြစ်ပါတယ်။

သူကတော့ လက်ရှိအချိန်မှာ အသက် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က သူနေထိုင်တဲ့ တိုက်ခန်းမှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

သူ့ကိုဖမ်းမိချိန်မှာတော့ ဗင်နီဇွဲလားနိုင်ငံသား အထောက်အထားအတုတွေကိုပါ ကိုင်ဆောင်ထားတာတွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း မူးရစ်ရာဇာ မာဖီးယားခေါင်းဆောင် လူမီယာကို ဘိုလီဗီးယားအစိုးရအနေနဲ့ အီတလီနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source – Palermo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။