ဒီဖြစ်ရပ်လေးကတော့ Texas ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်သလို လူအများကြားမှာလည်း တော်တော်လေးပြောစရာဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံဟာဆိုရင်လည်း မိခင်ဖြစ်သူ Krystle Villanueva လို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ သမီးလေး Giovanna Larae Hernandz ကိုနေအိမ်အတွင်းမှာပဲ ဓားနဲ့ထိုးသတ်ခဲ့တာပဲဖြစ်ပါတယ်။

မထင်မှတ်တဲ့အဖြစ်အပျက်ကြောင့် ယောက္ခထီးဖြစ်သူဟာ သူမကိုဆွဲပြီးတားခဲ့ပေမယ့် သူ့ကိုပါ ဓားနဲ့လိုက်ထိုးလို့ အိမ်ပြင်ကိုပြေးထွက်ခဲ့ရပါတယ်။ ယောက္ခထီးဖြစ်သူဟာ Villanuevaတစ်ယောက် သူမရဲ့အိပ်ခန်းထဲကို ဓားတစ်ချောင်းနဲ့ဝင်သွားတာကိုတွေ့ခဲ့ပြီး မကြာခင်မှာ ငါးနှစ်အရွယ်သမီးလေးရဲ့စူးစူးဝါးဝါးအော်ဟစ်သံကိုကြားလို့ ပြေးကြည့်ခဲ့ပါတယ်။ Villanuevaရဲ့ လက်ထဲကဓားကို လုယူခဲ့ပေမယ့် Villanuevaကနေ ကျည်မပါတဲ့ သေနတ်တစ်လက်နဲ့ သူ့နောက်လိုက်ခဲ့တာကြောင့် အိမ်ပြင်ကို ပြေးထွက်ခဲ့ရပါတယ်။ ဒါကိုမြင်တဲ့အိမ်နီးချင်းတွေဟာ ရဲကိုအကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ သမီးလေးဟာ အသက်မမှီဘဲ သေဆုံးသွားပြီဖြစ်ပါတယ်။

ထူးခြားတာဟာ Villanueva ဟာ သူမရဲ့သမီးလေးကို အင်မတန်ချစ်တဲ့သူပါ။ သူမရဲ့လူမှုကွန်ယက်မှာကော မိတ်ဆွေတွေကြားမှာပါ သူမရဲ့သမီးလေးဟာ သူမရဲ့ဘဝလို့ခံယူထားတဲ့အကြောင်း တဖွဖွပြောတတ်သူတစ်ဦးဖြစ်တာကြောင့် ဒီဖြစ်ရပ်ကြီးဟာ လူအများကို မယုံကြည်နိုင်စရာဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် သူမအဖမ်းခံရပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်တဲ့အခါမှာဆိုရင်လည်း ရယ်နေခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ လူအများကြားမှာ တော်တော်လေးပြောစရာဖြစ်ခဲ့တာတွေ့ရပါတယ်။

Source _ Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။