ကျန်းမာရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ် ကျန်းမာမှ ချမ်းသာမည် ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကောင်းခြင်းသည်လည်း ငွေကြေးချမ်းသာခြင်းထက် ပိုပြီးတန်ဖိုးရှိပါတယ်။ စာရေးသူတို့ နေ့စဉ် စားသုံးနေတဲ့ အစားသောက်တွေဟာလည်း ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားသောက်တွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် စားသောက်တဲ့ အစားသောက်တွေဟာ ဓာတု ဆေးဝါများစွာနဲ့ စိုက်ပျိုးထုတ်လုပ်ထား ရင်တော့ မတွေးဝံ့စရာပါ။ ဘယ်လောက်ပဲ ကျန်းမာရေးလိုက်စား ကိုယ်စားလိုက်တဲ့ အစားစာထဲမှာ အဆိပ်တွေပါနေမှတော့ ဘယ်လိုမှ ကယ်ဆယ်လို့ မရနိုင်ပါဘူး။

ဒါကြောင့် စားသုံးသူတွေ ဘေးအန္တရယ်ကင်းရှင်းစေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားသောက်နှင့် ကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) FDA အဖွဲ့ဝင်များဟာ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ပုဇွန်တောင်ဈေးအတွင်းမှာရှိတဲ့ ဈေးဆိုင်များကို စစ်ဆေးခဲ့ကြပါတယ်။ ဒေါက်တာဖြိုးမာန်သက်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များဟာ မုန့်ဖတ်၊နန်းကြီး၊ညှပ်ခေါက်ဆွဲ၊ ငါးပိ၊ ငရုပ်ဆီ၊လက်ဖက်၊ပဲပြား ချဉ်ဖတ် စတဲ့ စားသောက်ကုန်အမျိုးမျိုး အပြင်သုံးစွဲဖို့ မသင့်တော့တဲ့ အလှကုန် ပစ္စည်းတွေ သက်တမ်းလွန်ဆေးဝါးတွေ မှတ်ပုံ မတင်သေးတဲ့ ဆေးဝါးတွေ ရောင်းချခြင်း ရှိ မရှိ ပြီးတော့ရွေ့လျားဓာတ်ခွဲခန်းယာဉ်များဖြင့် စစ်ဆေး ကြပြီး ဈေးရောင်းချသူများကို တာမြစ်ထားတဲ့ ကုန်ပစ္စည်းများကို ရောင်းချမှု ဆက်လက်မလုပ်မိစေဖို့ အသိပညာပေး တားမြစ်ပြီး လက်ကမ်းစာစောင်များကို လည်း ဖြန့်ဝေပေးခဲ့ကြပါတယ်။ 

အခုလို စစ်ဆေးမှုတွေကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်) FDA မှ တာဝန်ရှိသူများ၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ် စည်ပင်ကော်မတီဝင်များ၊ ဈေးတာဝန်ခံများနှင့် ပူးပေါင်း စစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ 

Source : moi webportal myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။