အနုပညာရှင်အချင်းချင်းသာမကပရိသတ်တွေကပါအချစ်ပိုနေရတာကတော့ယွန်းဝတီလွင်မိုးရဲ့သားလေး Liam လေးပဲဖြစ်ပါတယ်။သားလေးကတော့တဖြည်းဖြည်းနဲ့အသက်အရွယ်လေးရလာလေလေချစ်ဖို့ကောင်းနေတာကြောင့်ပရိသတ်တွေရဲ့အသည်းနှလုံးလေးပဲဖြစ်ပါတယ်။ဖေဖေမေမေဖိုးဖိုးဖွားဖွားတို့ရဲ့အချစ်တွေကိုလည်းအပြည့်သိမ်းပိုက်ထားတဲ့လူလည်လေးပဲဖြစ်ပါတယ်။

သားလေးကတော့ဖေဖေမေမေတို့ကနိုင်ငံခြားမှာကျောင်းတက်နေတာကြောင့်ဖိုးဖိုးဖွားဖွားတို့နဲ့သာအချိန်တွေတူတူပိုရှိတာပါ။ခုမှာတော့ဖေဖေနဲ့မေမေကကျောင်းခဏနားချိန်လေးမှာသားလေးဆီပြန်လာနေတာဖြစ်ပြီးသားလေးကလည်းခုချိန်မှာပိုချွဲတက်နေပြီဖြစ်ပါတယ်။စကားလေးတွေလည်းမပီကလာပီကလာပြောနေတာလေးကလည်းချစ်ဖို့ကောင်းနေတာပြီးအသည်းတယားယားဖြစ်စေတာပါ။

ပရိသတ်တွေကလည်းသားလေးရဲ့ပုံရိပ်လေးတွေ video လေးတွေကိုသာကြည့်ပြီးချစ်မဝဖြစ်နေတာပါ။ဖိုးဖိုးဖွားဖွားတွေကလည်းသားလေးနဲ့တူတူဆော့ကစားပြီးသားလေးချစ်စရာပုံရိပ်လေးတွေတိုင်းကိုပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာပါ။အခုတစ်ခေါက်မှာလည်း သားလေးရဲ့ပုံရိပ်လေးတွေဝေမျှထားတာကြောင့် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Tin Nwe Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။