ပရိသတ်ကြီးရေ ခန့်ညားချောမောပြီး ယောကျာ်းပီသတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ မင်းသားချောနိုင်းနိုင်းရဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်ကြီးလည်းကြည့်ဖူးကြမှာပါနော်။နိုင်းနိုင်းက အနုပညာလောကထဲကို ဟိုးအရင်ကတည်းကဝင်ရောက်လာခဲ့ကာ ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်နေပါတယ်။

နိုင်းနိုင်းမှာ အရမ်းလှပြီးဝတ္တရားကျေပြွန်တဲ့ဇနီးကောင်းလေးရယ် ချစ်စရာကောင်းတဲ့သမီးသုံးယောက်နဲ့ နိုင်းနိုင်းနဲ့တူတဲ့သားတစ်ယောက်ကိုပိုင်ဆိုင်ထားလို့ မိသားစု၆ယောက်က စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာကောင်းလှပါတယ်နော်။နိုင်းနိုင်းရဲ့မိသားစုက ပြည်ပမှာနေထိုင်ကြပြီး နိုင်းနိုင်းကတော့ သွားလိုက်ပြန်လိုက်လုပ်နေတာကိုတွေ့ရပါတယ်။အခုဆိုရင်တော့ နိုင်းနိုင်းက မြန်မာပြည်မှာ လက်တလောဖြစ်ပျက်နေတဲ့အခြေအနေလေးတွေနဲ့ပက်သက်ပြီး အခုလိုပဲ သုံးသပ်ထားပါတယ်နော်။

"အခုတစ်လော ကြားရတဲ့သတင်းတွေ ရင်ထဲကိုဆို့ပြီးတစ်ကယ်ခံစားရပါတယ်။ ကျွန်တော်တို့တိုင်းပြည် လုံခြုံမှုမရှိသလိုပါပဲ...ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် မသမာမှု ဒုစရိုက်ဆိုတာရှိကြစမြဲပါ၊ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုဘဝ လုံခြုံမှုအတွက် အကာအကွယ်ပေးဖို့ ရဲဝန်ထမ်းတွေရှိကြပါတယ်။ တစ်ခုတစ်ခုဖြစ်ပြီဆို ဘယ်သူ့ ကိုတိုင်တန်းပြီး၊ ဘယ်သူ့ကိုအားကိုးရမလဲဆိုတာ မသိတော့အောင်ကိုဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်ပြောချင်တာက အတတ်နိုင်ဆုံး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ကလေးများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်စောင့်ရှောက်ကြပါစို့...... "ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။

Source:Actor99

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။