ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး နေခြည်ဦးတော့ Beauty Blogger တစ်ဦးအဖြစ် စတင်ပြီး လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ အမြဲတမ်း သွက်လက်တက်ကြွပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ နေခြည်ဦးရဲ့ပုံစံလေးက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိထားတာ ဖြစ်ပါတယ်။ နေခြည်ဦးက Chillies ဆိုတဲ့ အမာခံပရိသတ်တွေရဲ့ အပြတ်အသတ်အားပေးဝန်းရံမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရပြီး ပွဲအခမ်းအနားတွေလည်း တောက်လျှောက် တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒီနေ့ညမှာ ကျင်းပပြုလုပ်တဲ့ '' L'Oreal Paris '' ရဲ့ '' Red Carpet Show'' ပွဲကိုလည်း နေခြည်ဦးက အမိုက်စားပုံစံနဲ့ တက်ရောက်လာခဲ့ပါတယ်။ တစ်မူထူးခြားစွာ ဆွဲဆောင်မှုတွေပိုနေတဲ့ နေခြည်ဦးက ညို့အားပြင်းပြင်း လှနေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက ထိမိပြင်းရှတဲ့ အပြင်အဆင်တွေနဲ့အတူ ဖြူဖွေးဝင်းမွတ်နေတဲ့ အတွင်းသားအလှတွေကို လှစ်ဟပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက ပွဲတက်လာသူတွေအားလုံးထဲမှာ ယုံကြည်မှုအပြည့်နဲ့ ပေါ်လွင်ထင်ရှားနေခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နေခြည်ဦးရဲ့ အနက်ရောင်ဖက်ရှင်နဲ့ အပြတ်အသတ်ဂေါ်နေတဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nay Chi Oo;

Photo Credit - Thi Ha:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။