ပရိသတ်တွေရဲ့အချစ်များစွာကို ရယူပိုင်ဆိုင်ထားတဲ့ အကယ်ဒမီမင်းသမီးချောအိန္ဒြာကျော်ဇင်ဟာဆိုရင် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကလည်း မနည်းတော့ပြီဖြစ်လို့ သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကတော့ ဟာကွက်မရှိဘဲအပြစ်ပြောစရာမလိုအောင် အရမ်းကောင်းပါတယ်။ယခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ နေရာယူနေဆဲဖြစ်ပြီး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က ဟိုးအရင်ကတည်းက ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လေးဖြစ်ပြီး ချစ်စရာမျက်နှာလေးနဲ့အရမ်းလှတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ယနေ့ချိန်ထိလည်း အိန္ဒြာကျော်ဇင်က ကလေးနှစ်ယောက်အမေဖြစ်တာတောင် နုငယ်ပျိုမျစ်လှပနေဆဲ ဖြစ်ကာ ကျက်သရေရှိပြီး တင့်တယ်တဲ့အလှတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်လို့ ပရိသတ်တွေကတောင် သူမရဲ့အလှတွေကို ချီးကျူးကြရပါတယ်နော်။

မကြာသေးခင်ရက်တွေကမှ အူဝဲတို့မိသားစုတွေက UKကိုခရီးထွက်ကြပြီး စိတ်ကြိုက်လည်ပတ်ခဲ့ကြပါတယ်နော်။အခုဆိုရင်တော့ မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေသလို ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေပါတယ်။အခုဆိုရင်လည်း အူဝဲက L’Oréal Paris ရဲ့Red Carpet ပွဲမှာ သူမတူတဲ့ဒီဇိုင်းလေးကို တလက်လက်တောက်ပနေတဲ့အလှတရားတွေနဲ့ခြုံလွှမ်းပြီး လူအများကြားမှာထင်းနေတဲ့ အလှတရားပုံရိပ်တွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin/Photo - Aung Kyaw Tun(Visual Design)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။