ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ ''L'Oreal Paris'' ရဲ့ Red Carpet Show ပွဲကြီးကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ၊ (၅)ရက်နေ့က ရန်ကုန်မြို့ရှိ ''Novotel Hotel'' မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီပွဲကြီးကိုတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်များစွာတက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ ပွဲတက်ဖက်ရှင်တွေကလည်း တစ်ယောက်တစ်မျိုးစီ ဆန်းသစ်လှပနေခဲ့ပြီး အရမ်းကို ခမ်းနားထည်ဝါနေခဲ့တာ ဖြစ်ပါတယ်။

(၆) ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တဲ့ ''L'Oreal Paris'' ရဲ့ Red Carpet Show ပွဲကြီးမှာတော့ ''Best Of Beauty '' ဆုကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီဆုကိုရရှိသွားတဲ့ ဒိတ်ဒိတ်ကြဲ (၅) ယောက်ကတော့ ပြည်သူ့အချစ်တော် မင်းသမီးချော အိန္ဒြာကျော်ဇင်၊ ပရိသတ်အချစ်တော် အလှဘုရင်မလေး မိုးဟေကို၊ မော်ဒယ် သန္တာလှိုင်၊ မော်ဒယ်၊သရုပ်ဆောင် Ashwarya Kumar နဲ့ နာမည်ကြီး ဒီဇိုင်နာ Shar Tra တို့ပဲ ဖြစ်ကြပါတယ်။

"Best Of Beauty'' ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ ပွဲတက်ဖက်ရှင်တွေကလည်း တကယ့်ကို ပြိုင်ဘက်ကင်းပြီး လှပနေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ အူဝဲနဲ့ မိုးဟေကိုတို့နှစ်ယောက်ရဲ့ ပွဲတက်ဖက်ရှင်တွေက အခမ်းနားဆုံးဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆုရရှိသွားတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Eaindrakyawzin,Moe Hay Ko, Ashwarya Kumar, ThandarHlaing & Shar Tra;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။