ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ အားလုံးရဲ့အချစ်ကို ရရှိထားသူ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဆေးကုသမှုခံယူခဲ့ရတဲ့ ထက်ထက်က အခုတော့ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားပြီဖြစ်တာကြောင့် အလုပ်တွေကို စတင်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ ထက်ထက်က ပွဲအခမ်းအနားလေးတွေသာ တက်ရောက်နေတာ ဖြစ်ပါတယ်။

အခုလည်း ဒီဇိုင်နာမျိုးမင်းစိုးက အနီရောင်ဝတ်စုံလေးနဲ့ အလှတွေပိုနေတဲ့ ထက်ထက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ ထက်ထက်က ဆံပင်ကုတ်ဝဲလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေသလို အရင်ကထက်လည်း ပိုပိုပြီး လှသွေးကြွယ်လာတာ တွေ့ရပါတယ်။ မြန်မာဆန်ဆန်လေးလှနေတဲ့ ထက်ထက်ကတော့ ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် အရွယ်တင်နုပျိုလွန်းသူလေးပဲ ဖြစ်ပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုးက '' ဒီနေ့ထက်ထက်ကိုပွဲတက်ဖို့အတွက်ဝတ်စုံနီနီရဲလေးကောအချိတ်နီနီရဲလေးကောဖန်တီးပေးထားပါတယ်။ ဆေးရုံကဆင်းဆင်းပြီးခြင်းပထမဆုံးပွဲတက်ခြင်းပါ။ ကြော်ငြာတွေကောဇာတ်လမ်းတွဲတွေကောအများကြီးဆက်တိုက်ရိုက်ဖို့ရှိနေပြီးပိုလှပိုနုနေတဲ့ထက်ထက်ပါ။ '' ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းချစ်ဖို့ကောင်းနေတဲ့ ထက်ထက်မိုးဦးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Myo Min Soe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။