ပရိသတ်ကြီးရေ.. ချီချီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ Beauty Blogger တစ်ဦးဖြစ်သလို သရုပ်ဆောင်မင်းသမီးချောလေးလည်း ဖြစ်တဲ့ နေခြည်ဦးကတော့ မိန်းကလေးပရိသတ် ယောကျၤားလေး ပရိသတ်တွေ အားလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေးပါ..။

ကျော့ရှင်းပြီး ညို့အားပြင်းကာ ဆွဲဆောင်မှုတွေရှိလွန်းတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ ချီချီလေးကတော့ အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ သူမဏဲ့ ပုံဏိပ်လေးတွေနဲ့ အားလုံးကို အချစ်ပိုစေသူလေးပါနော်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေပြီး အခမ်းအနားပွဲတော်တော်များများကို တက်ရောက်ဖြစ်နေတဲ့ နေခြည်ဦးကတော့ ဇူလိုင်လ(၅)ရက်နေ့က Novotel Yangon Max Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ L'Oréal Paris ရဲ့ အခမ်းအနားပွဲကိုလည်း ကျော့ရှင်းပြီး ညို့အားပြင်းပြင်း စမတ်ကျတဲ့ ပုံရိပ်လေးတွေနဲ့ တက်ရောက်ခဲ့ပြန်ပါတယ်နော်..။

အနက်ရောင်ဖက်ရှင်လေးကို လိုက်ဖက်ညီစွာနဲ့ ကျော့ရှင်းစွာစွာ ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ပြီး ပွဲတက်လာခဲ့တဲ့ ချီချီလေးရဲ့ အမိုက်စားပုံရိပ်လေးတွေကတော့ ချီလီလေးတွေရဲ့ အမြင်အာရုံတွေကို ထပ်မံဖမ်းစားလိုက်ပြန်တာပဲ ဖြစ်ပါတယ်နော်..။

L'Oréal Paris ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ (၆)နှစ်မြောက် Red Carpet ပွဲကြီးကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ သူမရဲ့အမိုက်စား ဗီဒီယိုဖိုင်ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

ယုံကြည်မှုတွေရှိရှိနဲ့ L'Oréal Paris ရဲ့ ပွဲကြီးကို လှမ်းလာတဲ့ချီချီလေးရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ကျော့ရှင်းပြီး ညို့အားပြင်းတဲ့ အမိုက်စား ပုံရိပ်လေးတွေဟာ မြင်သူတကာကို ငေးမောသွားစေကာ သဘောကျစေပါတယ်နော်..။

Photo - နေခြည်ဦး၊ Nay Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။