ပရိသတ်ကြီးရေ.. သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး အလှမယ် မင်းသမီးချောလေးဖြစ်သလို သွက်သွက်လက်လက်လေးနဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။

ချစ်စရာကောင်းတဲ့ လှုှှပ်ရှားမှု ပုံရိပ်လေးတွေအပြင် စိတ်သဘောထားစေတနာသဒ္ဒါတရား ထက်သန်မှုတွေနဲ့အတူ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်နော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို လှူဒါန်းကုသိုလ်ယူမှုလေးတွေမှာလည်း ပျော်နေတတ်တဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ဟာ အခုတစ်ခါမှာလည်း သီလရှင်ဆရာလေးတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

သီလရှင်ဆရာလေးတွေအတွက် အာဟာရဒါနပြုလုပ်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရင်း ပြုံးပျော်နေတဲ့ သမီးလေးရဲ့ မျက်နှာလေးပေါ်က ပီတိအပြုံးလေးတွေကတော့ မြင်သူတကာကို ရင်အေးချမ်းစေပါတယ်နော်..။

အလှူအတန်းတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွာ လှူဒါန်းတတ်လေး သမီးလေးသွန်းမြတ်ကြယ်စင်ကတော့ သူမရဲ့ အလှူကုသိုလ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ဆုတောင်းမေတ္တာပို့သတတ်ပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် သမီးလေး သွန်းမြတ်ကြယ်စင်ရဲ့ အလှူပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သွန်းမြတ်ကြယ်စင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။