ခေတ်၊သစ်တို့ရဲ့ မေမေချစ်သုဝေကတော့ ချစ်စရာကောင်းလွန်းလှတဲ့ သူမရဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တိုင်းကချစ်နေရတာပါ။ ကလေးအမေလို့ထင်မှတ်စရာမရှိရလောက်အောင် နုပျိုလွန်းသူလေးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာလည်း ပီပြင်ကျွမ်းကျင်ရုံမကပဲ အဆိုဘက်မှာလည်း ပါရမီရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာဖြစ်နေတဲ့ နေပြည်တော်က ဗစ်တိုးရီးယားလေးရဲ့အမှုကိစ္စအတွက်စိတ်မကောင်းကြီးစွာဖြစ်နေရတာပါ။ သမီးလေးနဲ့ပက်သက်ပြီးတော့လည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒီအမှုနဲ့ပက်သက်ပြီးတော့လည်း ထွက်ရှိသမျှသတင်းတွေကိုလည်းအချိန်နဲ့တစ်ပြေးညီဝေမျှပေးနေတာပါ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကလည်း ဒီအမှုကိစ္စနဲ့ပက်သက်ပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာအခုလိုရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

" Victoria အမှုဟာ တစ်နိုင်ငံလုံးကသားသမီးရှိတဲ့မိသားစုတွေနဲ့ဆက်ဆိုင်တဲ့အမှုပါ.."

နေပြည်တော်ကပြန်လာပြီးကတည်းကစိတ်ကအင်မတန်မှ ငြိုးနွမ်းနေတယ်..

သမီးလေးမေမေရဲ့ မျက်ရည်နဲ့ပြောတဲ့ သမီးလေးအပေါ်ထားတဲ့သူ့ရဲ့မေတ္တာတွေ,ယူကျုံးမရမှုတွေ,ကြောက်ရွံ့သိမ်ငယ်ရမှုတွေက နားထဲပဲ့တင်နေရောပဲ..နဂိုကစိတ်နုတဲ့ကိုယ့်မှာ ခေါင်းထဲမရောက်ချင်ပဲရောက်လာတိုင်း မျက်ရည်တွေကျရတယ်..

ကိုယ်သမီးလေးတွေအတွက်လည်း ဒီမြေဒီရေ ဒီဥပဒေအောက်မှာ ကြီးပြင်းလာရမှာတွေးရင်းရင်တွေပူ ဗလောင်ဆူ ,,မဖြစ်သေးတာတွေကြိုတွေးပူ..,,

အလုပ်တွေဆက်တိုက်လုပ်ဖို့ရှိသေးတော့ အလုပ်ကိုစိတ်ထဲနှစ်ထားရမယ် နို့မို့ဆိုအားတာနဲ့ တွေးမိပြီးရင်ထဲစို့နေရာ.. အလုပ်နဲ့ပတ်သက်တဲ့ကြော်ငြာpostလေးတွေရယ် အလှပုံတွေရယ် ဒီချိန် မတင်ရက်ဘူး မတင်ချင်ဘူး..(လလယ်လောက်မှပုံမှန်ပြန်တင်ပေးပါ့မယ်နော်) " ဆိုပြီးရေးသားထားတာပါ။

Source- Chit Thu Wai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။