ပရိသတ်ကြီးရေ မြန်မာနိုင်ငံဟာ ဘုရားစေတီပုထိုးများလက်ညှိုးထိုးလို့မလွဲအောင် ပေါများတဲ့နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံဖြစ်သည့်အလျောက် လူတိုင်းရဲ့စိတ်ထဲမှာလည်း ဘာသာတရားကိုကိုင်းရှိုင်းကြတာဟာလည်း မြန်မာနိုင်ငံသားတွေရဲ့ချစ်စရာကောင်းတဲ့အမူအကျင့်လေးပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတွင် ကမ္ဘာကပါအံ့အားသင့်စေမယ့် ရှေးဟောင်းအမွေအနှစ်စေတီပုထိုးများစွာရှိနေတာလည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့တန်ဖိုးထားရတဲ့ပုဂံစေတီပုထိုးများစွာဟာလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအဖြစ်မှတ်တမ်းဝင်ရန်အတွက် တာဝန်ရှိသူများက ြကိုးပမ်းကြတာ နှစ်များစွာကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးစားမှုတွေကြောင့် ဒီနေ့အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် ယူနက်စကိုအစည်းအဝေးတွင် ပုဂံဟာ ကမ္ဘာ့ အမွေအနှစ်အဖြစ်သတ်မှတ်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ 

ဒီလိုသတ်မှတ်ခံရတဲ့အတွက် ပြည်သူတစ်ရပ်လုံးသာမကပဲ မြန်မာနိုင်ငံကထိပ်တန်းအနုပညာရှင်များကပါ ဝမ်းသာပီတိဖြစ်နေကြတာပါ။ သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းစာများရေးသားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပုဂံဟာ မြန်မာလူမျိုးတွေရဲ့အသက်ပါပဲ။

မြန်မာတွေရဲ့ နှလုံးသားထဲက ပုဂံရဲ့

အကောင်းဆုံးသတင်းအတွက် MyanmarLoad မိသားစုကလည်းဝမ်းမြောက်မိပါတယ်နော်။

Source- Aye Myat Thu and May Myint Mo, San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။