ဝါရင့်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ သြစတေးလျမှာ ကျောင်းသွားတက်ခဲ့ရတဲ့ ယွန်းဝတီလွင်မိုးက သားလေးနဲ့ လအတော်ကြာ ခွဲခွာခဲ့ရပြီးနောက်မှာတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းဝတီလွင်မိုးတို့မိသားစုလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ အရမ်းကို ကြည်နူးစရာကောင်းနေတာ တွေ့ရပါတယ်။

ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်စရာကောင်းလာတာကြောင့် မြင်သူတိုင်းက အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ အသက်တစ်နှစ်ပြည့်ခါနီးဖြစ်တဲ့ Liam လေးက ဝဝကစ်ကစ်လေးနဲ့ အရမ်းကို ကျန်းမာသန်စွမ်းတဲ့ ကလေးလေးဖြစ်ပါတယ်။ ဒီနေ့မှာတော့ Liam လေးက ဖေဖေ့ဘက်ကဖွားဖွားနဲ့အတူ လည်လည်ထွက်ပြီး ပျော်ရွှင်နေတာ တွေ့ရပါတယ်။

ပိတ်ရက်မှာ ဖွားဖွားတို့နဲ့အတူ ပျော်ရွှင်နေတဲ့ Liam လေးကတော့ ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ဇူလိုင်က ၆ ရက်နေ့က Liam လေးရဲ့ အသက် (၁၁) လပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖွားဖွားရဲ့လက်ပေါ်မှာ မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေတဲ့ Liam လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit - Yunwaddy & Tin Nwe Aye;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။