ပရိသတ်တွေက မကြီးစိုးလို့ ချစ်စနိုးခေါ်ဝေါ်ရတဲ့ အကယ်ဒမီစိုးမြတ်သူဇာဟာဆိုရင် ဟိုးအရင်တစ်ချိန်ကတည်းကအောင်မြင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ဒီနေ့ထိလည်း ပရိသတ်တွေရဲ့ရင်ထဲကို စိုးမိုးထားနိုင်ပြီး သူမရဲ့ပိုင်နိုင်တိကျလှတဲ့အိုင်တင်သရုပ်ဆောင်ချက်တွေက ပရိသတ်တွေရဲ့အသည်းစွဲဖြစ်ပါတယ်နော်။မကြီးစိုးကတော့ ညီမတွေကိုလည်း အနုပညာနဲ့ပက်သက်ရင်လက်တွဲခေါ်ပြီး အကြံဉာဏ်တွေပေးနေတာဖြစ်ပါတယ်။

မကြီးစိုးကတော့ သဘောကောင်းမနောကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ညီမတွေဖြစ်တဲ့ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင်နဲ့စိုးပြည့်သဇင်တို့အပေါ် အမကြီးအမိရာပီသသလို မိသားစုအပေါ်လည်းခင်မင်တွယ်တာပြီး မိဘတွေကို လိုလေသေးမရှိအောင်ထားတဲ့ သမီးကြီးတစ်ယာက်ပါနော်။မကြီးစိုးရဲ့အလှအပတွေကလည်း ဟိုးအရင်တစ်ချိန်တည်းက သူများနဲ့မတူတဲ့ အရပ်အမောင်းနဲ့ တောင့်တင်းတဲ့ကိုယ်လုံးကိုယ်ထည်ကို ပိုင်ဆိုင်ထားလို့ တခြားမင်းသမီးတွေနဲ့မတူပဲ တမူထူးခြားစွာလှပခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ မကြီးစိုးရဲ့အလှအပတွေက ကျက်သရေအဖြာဖြာနဲ့ပြည့်စုံပြီး ခန့်ညားထည်ဝါတဲ့အလှအပတွေကြောင့် အသက်အရွယ်နဲ့မလိုက်အောင် ပျိုမျစ်နုနယ်နေတာကို ပရိသတ်ကြီးလည်းတွေ့ရမှာပါနော်။အခုဆိုရင်တော့ L’OREAL red carpet showကို တစ်ကိုယ်လုံးအနက်ရောင်ခြုံလွှမ်းထားတာတောင် တောက်ပထည်ဝါလွန်းတဲ့အလှတရားတွေကို အထင်းသားမြင်တွေ့ရမှာဖြစ်လို့ ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Source:Soe Myat Thuzar/Photo:KhantMinHtinHK/Aye Zaw Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။