အနုပညာလောကမှာ နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အသက် ၁၉နှစ်မှာ ချစ်သူနဲ့လက်ထပ်ခဲ့ကာ အခုဆိုရင် သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကို ကြွေစေခဲ့တာဖြစ်ပါတယ်။ ချစ်သူနဲ့လက်ထပ်ပြီး သြစတေးလျမှာ ကျောင်းတက်ရင်း အခြေချနေထိုင်နေတဲ့ ယွန်းက အခုတော့ မြန်မာနိုင်ငံကို ခဏ ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ယွန်းက သားလေးမွေးပြီးတာတောင်မှ အံ့သြလောက်အောင် ခန္ဓာကိုယ်အချိုးအစား တစ်ခုတောင် ပြောင်းလဲခြင်းမရှိဘဲ အပျိုစင်လေးအတိုင်း လှပနေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ပြန်လည်ရောက်နေပြီဖြစ်တဲ့ ယွန်းက လက်ရှိမှာတော့ သူမရဲ့အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာ တွေ့ရပါတယ်။

ယွန်းလေးဟာ လတ်တလောမှာလည်း အမိုက်စားဖက်ရှင်လေးနဲ့ L’Oreal Paris ပွဲလေးကိုတက်ရောက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင် အရမ်းလှလာတဲ့ ယွန်းလေးရဲ့ အလှတရားတွေကတော့ အားကျစရာပါပဲနော်။ချစ်ပရိသတ်တွေတွက် ယွန်းလေးရဲ့ အလန်းစား ပွဲတက်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Yun Waddy

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။