ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့အေးဝတ်ရည်သောင်းကတော့ အခုချိန်မှာဆိုရင် အနုပညာလောကထဲကိုတဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတာကိုတွေ့ရပါတယ်။ဟိုးအရင်အချိန်ကတည်းက ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားနိုင်ပြီး အခုနောက်ပိုင်းမှာ မအေးသောင်းဆိုပြီးတော့ ပရိသတ်တွေက တစ်ခဲနက်အားပေးလာကြတာဖြစ်ပါတယ်နော်။

မအေးသောင်းကတော့ သဘောကောင်းဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်လို့ ချစ်စမွှေးပါကာ လူချစ်လူခင်ပေါများတဲ့ရွှေမင်းသမီးလေးပါနော်။မအေးသောင်းရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်ကားတွေ ကြော်ငြာတွေရိုက်ကူးပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုတက်ရောက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မအေးသောင်းက အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကိုတက်ရောက်နေတာဖြစ်ပါတယ်နော်။

မြန်မာတို့ရဲ့နှလုံးသားထဲမှာ အမြတ်တနိုးတန်ဖိုးထားရပြီး ရှေးဟောင်းအမွေအနှစ်တွေပေါကြွယ်ဝတဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်အောင် တာဝန်ရှိသူများနဲ့အေးသောင်းတို့က အစည်းအဝေးတက်ရောက်ပြီး ကြိုးစားနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ မြန်မာလူမျိုးတွေရဲ့နှလုံးသားထဲက ပုဂံလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပြီဖြစ်လို့ မအေးသောင်းကတော့ မဏိစန္ဒာမင်းသမီးလေးလိုပြင်ဆင်ထားကာ အရမ်းပျော်နေကြတဲ့ မအေးသောင်းနဲ့အဖွဲ့သားတွေရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။