မော်ဒယ်လ်၊ သရုပ်ဆောင် သန္တာလှိုင်ဟာဆိုရင် international စံချိန်မှီတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး ချစ်ခင်ပွန်းနဲ့အတူ သားလေးနဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်..။ သန္တာလှိုင်ဟာဆိုရင် "T Fitness" Workshop မှာ Trainers တစ်ဦးအဖြစ် ဦးဆောင်လုပ်ကိုင်နေပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်အချိူးအစားလေးနဲ့ ဆွဲဆောင်မှုအမြဲရှိနေတာပါ..။

သန္တာလှိုင်ဟာဆိုရင် ကြော်ငြာမဂ္ဂဇင်းတွေ၊ photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး ဖက်ရှင် ရှိုးပွဲတွေ၊ အခမ်းအနားဖွင့်ပွဲတွေကိုလည်းတက်ရောက်လေ့ရှိတာဖြစ်ပါတယ်...။ ချစ်ခင်ပွန်းနဲ့အတူ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေပြီး သားနဲ့သမီးကို ယဉ်ကျေးလိမ္မာအောင် ကောင်းမွန်စွာ လမ်းပြသင်ကြားပေးနေတာဖြစ်ပါတယ်...။ သန္တာလှိုင်ဟာဆိုရင် စိတ်ချမ်းသာယာစွာနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေရပြီး ကျန်းမာရေးလိုက်စားတာမလို့ အမြဲသူမကိုကြည့်လိုက်တိုင်း အရွယ်တင်နုပျိုနေတာပါ..။

အခုတစ်ခါမှာဆိုရင်လည်း နိုင်ငံအသီးသီးက cele တွေ၊ အနုပညာရှင်တွေ ပြုလုပ်လျက်ရှိတဲ့ "Bottle cap challenge" လေးဟာဆိုရင် trend ဖြစ်နေပြီး အရင်တစ်ခါခေတ်စားခဲ့တဲ့ "Ki Ki" challenge လေးလို့ ဆိုရမှာပါနော်..။ သန္တာလှိုင်ဟာ ထို challenge လေးကိုလက်ခံခဲ့ပြီး သားသားနဲ့၊ ချစ်ခင်ပွန်းတို့ရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ပြောင်မြောက်စွာ လုပ်ပြသွားနိုင်တာကို ဗီဒီယိုဖိုင်လေးနဲ့တကွ social media မှာဖော်ပြထားတာဖြစ်ပါတယ်...။ "Challenge အောင်မြင်တဲ့ video ပို့ပေးတဲ့ လူတိုင်းကိုလည်း ဆုတွေပေးဖို့ စီစဉ်ထားပါသေးတယ်နော်..." ပရိသတ်ကြီးအတွက် သတင်းကောင်းပါးလိုက်ပါတယ်...။

Source Thandar Hlaing သန္တာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။