ပရိသတ်ကြီးရေ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့သဉ္ဇာနွယ်ဝင်းကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုလေးကိုသာအချိန်လုံလောက်စွာပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပေမယ့်လည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုတော့ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက ချစ်စရာသားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတဲ့အပြင် အခုဆိုရင် နောက်ထပ်သမီးလေးကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကတော့ ချစ်ဇနီးလေးကို မျက်နှာလေးတစ်ချက်မညှိုးစေဘဲပျော်ရွှင်အောင်ထားကာ အမြဲကြင်နာယုယနေတာဖြစ်ပါတယ်။မကြာသေးခင်ရက်ကမှာ ခင်ပွန်းက သဉ္ဇာနွယ်ဝင်းတို့သားအမိကို ပျော်ရွှင်စရာခရီးလေးတစ်ခုကိုလိုက်ပို့ပေးခဲ့လို့ သဉ္ဇာနွယ်ဝင်းက အရမ်းပျော်ရွှင်ခဲ့ရပါတယ်။Peach lay ကလည်း မေမေနဲ့တူလို့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ချစ်စမွှေးပါတာကြောင့် လူတိုင်းကဝိုင်းချစ်ကြပါတယ်နော်။

သဉ္ဇာနွယ်ဝင်းကတော့ သားလေးကို ထူးချွန်ထက်မြက်ပြီးလိမ္မာရေးခြားရှိတဲ့ကလေးလေးဖြစ်အောင် ယခုအရွယ်ကတည်းကစပြီးသေချာပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း သားလေး တက်တဲ့ကျောင်းက people impact ဆုပေးပွဲကို သဉ္ဇာတို့သားအမိနှစ်ယောက်တက်ရောက်လာကာ ကျောင်းမှာဆုရတဲ့ သားလေးကြောင့် မေမေသဉ္ဇာနွယ်ဝင်းကတော့ သားလေးအတွက်ပီတိဖြာပြီးဂုဏ်ယူနေရကာ ပျော်ရွှင်နေတဲ့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Thinzar Nwewin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။