ချစ်စရာကောင်းတဲ့အမူအရာလေးတွေက သူမဆီမှာ အမြဲလိုလိုမြင်တွေ့ရတဲ့အရာလေး တစ်ခုပါပဲ။ အောင်မြင်တဲ့ အဆိုတော်သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေ ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဂီတလမ်းကြောင်းမှာရော အနုပညာ လမ်းကြောင်းမှာပါ အဆင်ပြေပြေအောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းလျောက်လှမ်းနေခဲ့တာ ပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်ရုပ်ရည်လေးနဲ့ အသံချိုချိုလေးတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းတဲ့အရာတွေပဲဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ နယ်လှည့်ဖျော်ဖြေမှုတွေလည်း လိုက်လံဖျော်ဖြေပေးနေတာကိုတွေ့ရမှာပါ။ ပရိသတ်ကြီးအတွက် သီချင်းအသစ်တွေကိုလည်းပြုလုပ်ဖန်တီးပေးလျက်ရှိပြီး အမြဲတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်။အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး အမှတ်တရခရီးသွားပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ကြရမှာပါ။

ဝိုင်းစုခိုင်သိန်းဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အနုပညာရှင်ပေါင်းများစွာ တက်ရောက်အားပေးခဲ့တဲ့ Lorealမှ ကျင်းပပြုလုပ်ခဲ့တဲ့ပွဲလေးမှာ ဝိုင်းစုတစ်ယောက်လဲ တက်ရောက်အားပေးခဲ့တာပဲ ဖြစ်ပါတယ်။ထိုပွဲလေးမှာ အနက်ရောင်ဖက်ရှင် ကတုံးဆံပင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ မြင်သူတကာလည်ပြန်ကြည့်ရလောက်အောင် ထင်ရှါးပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ Lorealပွဲတက် ပုံရိပ်လေးတွေကို ပရိသတ်ကြီး မြင်တွေ့နိုင်ရန် မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Wyne Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။