ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်ယွန်းယွန်းကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလး သူမကတော့ ပညာရေးဘက်မှာလည်း ထူးချွန်သူလေးလို့ ဆိုရမှာပါပဲ..။

ချစ်စရာကောင်းတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ ယွန်းယွန်းလေးဟာ အခမ်းအနားပွဲတော်တော်များများကို တက်ရောက်ဖြစ်နေသလို ဇူလိုင်လ(၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ L'Oréal Paris ရဲ့ အခမ်းအနားပွဲကိုလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်..။

အပြာရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ အခမ်းအနားပွဲလေးကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ သမင်ပျိုမလေးလေးရဲ့ လှမာန်ဝင့်ကြွားမှုမျိုးနဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်နေပါတယ်နော်..။

အပြာရောင်နတ်မိမယ်လေးရဲ့ ကျော့ရှင်းတောက်ပနေတဲ့ အလှတရားတွေကို လွှမ်းခြုံထားတဲ့ ယွန်းယွန်းလေးကတော့ မြင်သူတကာငေးအောင် လှနေတာပဲ ပရိသတ်ကြီးရေ..။

ဒီကနေ့လေးမှာတော့ ယွန်းယွန်းလေးရဲ့ ချစ်ပရိသတ်တွေအတွက်လည်း သူမရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးပဲ ကျေနပ်သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo - ယွန်းယွန်း၊ Nay Min Tun [Amazing Grace] 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။