နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် နန်းဆုရတီစိုးကတော့ ယောကျၤားလေး ပရိသတ်တွေအများဆုံးရရှိထားသလို မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုလည်း သိမ်းပိုက်ထားသူလေးပါ..။

ကပြားမလေးဖြစ်တဲ့ ပြည်သူ့အချစ်တော်လေး နန်းဆုကတော့ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာအပြုံးချိုချိုလေးနဲ့ ကျော့ရှင်းပြီး ဖြူဝင်းတဲ့ အသားအရေလေးအပြင် အချိုးအစားကျပြီး ညို့အားပြင်းတဲ့ ခန္ဓာကောက်ကြောင်းအလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့ ပြည်သုချစ်အနုပညာရှင်ဖြစ်သလို သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းတေဲ့ နန်းဆုလေးကတော့ အခမ်းအနားပွဲတော်တော်များများကို တက်ရောက်နေသလို ဇူလိုင်လ(၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ L'Oréal Paris ရဲ့ အခမ်းအနားကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်..။

အခမ်းအနားပွဲလေးကို တက်ရောက်ခဲ့တဲ့ နန်းဆုလေးကတော့ အများနဲ့မတူတမူထူးခြားတဲ့ အပြင်အဆင်ဖက်ရှင်လေးနဲ့ လူအများကြား ထင်ရှားပေါ်လွင် လှရက်လွန်းနေတာလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။

အမိုက်စားပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ နန်းဆုလေးရဲ့ လှသွေးကြွယ်ပုံရိပ်လေးတွေဟာ မြင်သူတကာ ငေးမောလှပနေတာမို့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကလည်း အားကျချစ်ခင်နတာပါနော်..။

ချစ်စရာကောင်းလွန်းနေတဲ့ နန်းဆုလေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်နာမို့ အသည်းလေးတွေပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

Photo- နန်းဆုရတီစိုး၊ A Lin Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။