Sexy ဆန်ဆန်ဖက်ရှင်တွေနဲ့ ပုရိသတွေရဲ့ ရင်ခုန်သံတွေကို အမြင့်ဆုံးရောက်အောင် လှုပ်ခတ်နိုင်သူလေးကတော့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သင်ဇာက ပွဲအခမ်းအနားတွေ တက်ရောက်တဲ့အခါမှာ အလန်းစားဖက်ရှင်တွေနဲ့ အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ကြော်ငြာ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အောင်မြင်နေတဲ့ သင်ဇာဝင့်ကျော်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က ခရီးတွေထွက်ပြီး အပန်းဖြေနေတာ တွေ့ရပါတယ်။ ဒီနေ့မှာလည်း သင်ဇာက သူမကိုချစ်တဲ့ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကို အသစ်တင်ပေးထားတာ ဖြစ်ပါတယ်။ သင်ဇာက ကမ်းခြေမှာ လွတ်လပ်မှုရဲ့အရသာကို အပြည့်အဝ ခံစားရင်း စိတ်လွတ်ကိုယ်လွတ် အပန်းဖြေအနားယူနေတာပဲ ဖြစ်ပါတယ်။

သင်ဇာက အားကစားဝတ်စုံလေးနဲ့ ကမ်းခြေမှာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ မြင်းလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ သင်ဇာရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကိုုဖြူစင်ပြီး အပြစ်ကင်းစင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thinzar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။