ပရိသတ်ကြီးရေ.. (၂၀၁၄) ခုနှစ်မှာ "Miss Asia Pacific World" အလှမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင်မေမြတ်နိုးကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ သူမဟာဆိုရင် Asia’s Next Top Model ရဲ့ ပြိုင်ပွဲဝင်ဟောင်း တစ်ဦးလည်း ဖြစ်ပြီးနိုင်ငံတကာ စံချိန်မှီတဲ့ အရပ်အမောင်းရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ပိန်ပါးသွယ်လျပြီး ညှို့မျက်ဝန်းတွေနဲ့ ပုရိသအပေါင်းရဲ့အသည်းနှလုံးကိုဆွဲဆောင်လှုပ်ကိုင်နိုင်တာပဲ ဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအဓိကထားရိုက်ကူးတာဖြစ်ပြီး၊ ကြော်ငြာတွေမှာလည်း သူမရဲ့ ချစ်စဖွယ်မျက်နှာလေးကိုမြင်တွေ့ကြရမှာပါ။ အနုပညာမော်ဒယ်လ်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်လည်း ရိုးသားခင်မင်စွာပေါင်းသင်းဆက်ဆံတက်ပြီး ချစ်စရာအမူအရာလေးတွေကြောင့်လည်း မြန်မာပြည်တစ်ပြည်လုံးက တစ်ခဲနက်ဝန်းရံအားပေးနေကြတာဖြစ်ပါတယ်။

မေမြတ်နိုးဟာဆိုရင် ခေတ်နဲ့အညီနေရာဒေသကိုလိုက်ပြီး ဝတ်စားဆင်ယင်တတ်သူလဲ ဖြစ်ပါတယ်နော်။သူမတက်ရောက်ခဲ့တဲ့ ပွဲအခမ်းအနားတိုင်းမှာ ဝတ်ဆင်ခဲ့သမျှဖက်ရှင်တိုင်းကို အသေအချာပြင်ဆင်ပြီး ဝတ်ဆင်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမတက်ရောက်ခဲ့တဲ့ပွဲအခမ်းအနားတိုင်းမှာ မေမြတ်နိုးရဲ့ပုံရိပ်ဟာဆိုရင် အများကြားမှာ ထင်ရှားပေါ်လွင်ပြီး လှပနေတာပဲ ဖြစ်ပါတယ်။ကျင်းပပြုလုပ်ခဲ့တဲ့ LOREAL ပွဲအခမ်းအနားမှာဆိုရင်လဲ ဘောလိဝုဒ်မင်းသမီးလေးအလား ထက်မှတ်သွားစေရလောက်အောင် လှပနေခဲ့တာပဲဖြစ်ပါတယ်။ အပြာရောင်ဖက်ရှင်လေးနဲ့ ပရိသတ်များရဲ့အမြင်အာရုံကို ဖမ်းစားညို့ယူနိုင်ခဲ့တဲ့ အနီရောင်ကော်ဇောထက်က သူမရဲ့အလှပုံရိပ်တွေကို မျှဝေပေးလိုက်ရပါတယ်နော်။

Photos-May Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။