မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဒ်ပွဲစဉ်၁၅မှာတော့ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ရတနာပုံအသင်းတို့ပွဲစဉ်မှာတော့ရန်ကုန်အသင်းက(၁-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့၆၅မိနစ်မှာသန်းပိုင်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ဟံသာဝတီအသင်းကိုအနိုင်တဲ့ပွဲမှာလည်းသန်းပိုင်ကပဲတစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းပေးခဲ့တာပါ။

သန်းပိုင်မှာခုနောက်ပိုင်းယာယီနည်းပြချုပ်ရဲ့လက်ထက်မှာပွဲထွက်ခွင့်တွေရနေတာဖြစ်ပြီးအသင်းအတွက်ခြေစွမ်းပြအနိုင်ဂိုးတွေကိုသွင်းယူပေးနေတာဖြစ်ပါတယ်။ယူ၂၀ကမ္ဘာ့ဖလားအပြီးထဲကဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့်ပရိသတ်တွေနဲ့ဝေးနေသူတစ်ယောက်ပါ။ယခင်နည်းပြဦးမျိုးမင်းထွန်းရဲ့လက်ထက်မှာလည်းပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရတာပါ။

ခုမှာတော့ခြေစွမ်းပြနိုင်တာကြောင့်အရင်ကထက်ပွဲထွက်ခွင့်ပိုမိုရရှိပြီးအရင်ခြေစွမ်းတွေပြသနိုင်ခဲ့တာပါ။ရန်ကုန်အသင်းကလည်းရတနာပုံအသင်းနဲ့တွေတိုင်းအကြိတ်အနယ်ရှိတာကြောင့်ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။ဒီနေ့ပွဲမှာပရိသတ်တွေလည်းအများအပြားလာရောက်အားပေးခဲ့ကြပါတယ်။ဒီနေ့ပွဲမှာသန်းပိုင်နဲ့တူတူခြေစွမ်းပြဂိုးသွင်းမှုတွေဖန်တီးပေးခဲ့တာကတော့နန်းဝေမင်းပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ခြေစွမ်းတွေပြန်ကောင်းလာတာကတော့မြန်မာလက်ရွေးစင်အသင်းအတွက်အကောင်းဆုံးမျှော်လင့်ချက်တွေဖြစ်လာခဲ့ရပါတယ်။ပရိသတ်တွေလည်းသန်းပိုင်ရဲ့သွင်းဂိုးပုံရိပ်လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source:Yangon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။