အာဇာနည်ပရိသတ်ကြီးရေ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ရတဲ့ အဆိုတော်အာဇာနည်ကတော့ တေးသီချင်းလောကမှာဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်နော်။တစ်ခေတ်တစ်ခါတည်းက သီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိတဲ့အပြင် ယနေ့အချိန်ထိလည်း အာဇာနည်ရဲ့ သီချင်းတွေက လူကြီးလူငယ် အကုန်လုံး ကြိုက်နှစ်သက်ကြပါတယ်နော်။

အာဇာနည်က အခုထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နေတာပဲဖြစ်ပါတယ်။အာဇာနည်ရဲ့ ချစ်ဇနီးလေးဝမ်းကလည်း ခင်ပွန်းဖြစ်သူကို အရမ်းချစ်ပြီး နားလည်မှုတွေပေးတဲ့ ပါရမီဖြည့်ဖတ်ကောင်းတစ်ယောက်ပါနော်။အာဇာနည်ရဲ့ သားလေးနှစ်ယောက်ကလည်း ချစ်မွှေးလေးတွေပါကြလို့ တွေ့တဲ့သူတိုင်းက ချစ်ကြပါတယ်။

အာဇာနည်ဟာ ဇနီးသည်ဖြစ်သူ ဝမ်းနဲ့အတူ ပွဲအခမ်းအနားတချို့ကို တက်ရောက်လေ့ရှိတာပဲ ဖြစ်ပါတယ်။LOREAL ကကျင်းပပြုလုပ်ခဲ့တဲ့ ပွဲလေးမှာဆိုရင်လဲ အာဇာနည်တို့ဇနီးမောင်နှံဟာ ရွှေလက်တွဲကာ လိုက်ဖက်ညီညီတက်ရောက်လာတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။မြင်သူတိုင်းကအားကျရလောက်အောင် အရမ်းကိုရိုလွန်းတဲ့ အာဇာနည်နဲ့ဝမ်းတို့ရဲ့ လိုက်ဖက်ညီလှတဲ့ဖက်ရှင်လေးတွေနဲ့ ပွဲအခမ်းအနားတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို Myanmarload ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်နော်။

Photos-R Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။