မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲကြီးကိုစတင်ကျင်းပလာတာကတော့ခုမှာ၁၀စုနှစ်တစ်ခုကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်အစ MNL CUP ပြိုင်ပွဲစတင်ချိန်ကကွင်းလုံးပြည့်ပရိသတ်တွေနဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာဖြစ်ပါတယ်။လိဒ်ပြိုင်ပွဲကြီးစတင်ကျင်းကပြီးနှစ်အနည်းငယ်အကြာမှာတော့မြန်မာနေရှင်နယ်လိဒ်ဟာပရိသတ်အားပေးမှုသိသိသာသာကျဆင်းခဲ့ပြီးကွင်းအတွက်းပရိသတ်ဝင်မှုကလည်းသိသိသာသာလျော့နည်းခဲ့ပါတယ်။

ပြောင်းလဲပြင်ဆင်မှုတွေလုပ်ရင်းနဲ့ပရိသတ်တွေစိတ်ဝင်စားအောင်ကြိုးစားနေတဲ့မြန်မာနေရှင်နယ်လိဒ်ကတော့နောက်ပိုင်းပြိုင်ပွဲတွေမှာအသင်းအရေအတွက်တိုးမြှင့်ပြီးတန်းတက်တန်းဆင်းစနစ်နဲ့ယှဉ်ပြိုင်ကစားနေတာပါ။အရင်ကအိမ်ကွင်းလက်ခံကျင်းပနိုင်တဲ့ကလပ်တွေလည်းနည်းပါးခဲ့ပြီးခုမှာအသင်းတိုင်းအလိုလိုအိမ်ကွင်းတွေနဲ့ကစားနေပြီဖြစ်ပါတယ်။ဒီလိုအိမ်ကွင်းတွေရှိလာတာကလည်းပရိသတ်တွေကိုစိတ်ဝင်စားမှုပိုမိုပေးနိုင်တာပါ။

ဒီနှစ်မှာတော့မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲဟာတစ်ကျော့ပြန်အောင်မြင်တဲ့နှစ်လို့ဆိုနိုင်ခဲ့ပါပြီ။ဆယ်စုနှစ်တစ်ခုကြာဖြတ်သန်းခဲ့တဲ့မြန်မာနေရှင်နယ်လိဒ်ဟာဒီနေ့ပြိုင်ပွဲတွေမှာတော့အိမ်ကွင်းပွဲစဉ်တွေတိုင်းမှာပရိသတ်ကွင်းလုံးပြည့်နီးပါးအားပေးမှုတွေကိုပြန်ရနေတာဖြစ်ပါတယ်။နယ်မှာကျင်းပတဲ့ပွဲတိုင်းဟာကွင်းလုံးပြည့်ပရိသတ်တွေနဲ့ပြိုင်ဆိုင်မှုပြင်းထန်နေတာဖြစ်ပြီးရှမ်းယူနိုက်တက်အသင်းကတော့ဒီနှစ်ရာသီအိမ်ကွင်းပွဲစဉ်တိုင်းမှာကွင်းလုံးပြည့်ပရိသတ်ပိုင်ဆိုင်ထားတာပါ။ခုလိုပရိသတ်တွေပိုစိတ်ဝင်စွာနဲ့အားပေးနေတဲ့မြန်မာနေရှင်နယ်လိဒ်ကြီးကတော့နောက်နှစ်တွေမှာလည်းကွင်းလုံးပြည့်ပရိသတ်တွေနဲ့အောင်မြင်ဖွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Photo:Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။