ချစ်ပရိသတ်ကြီးရေ တက်သစ်စရုပ်ရှင်သရုပ်ဆောင်တက်ရောက်ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ရရှိထားတဲ့ မင်းသမီး ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်။ စိတ်ထားဖြူစင်သူဖြစ်ပြီး "မိုးကောင်းကင်အိမ်မက်" ရုပ်သံဇာတ်လမ်းတွဲမှာ အဆိုတော်မလေးဆိုင်းမိုင်အဖြစ် ပရိသတ်တို့ရဲ့ အသည်းနှလုံးကို ယခုအချိန်အထိခြွေယူသိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးဖြစ်ပါတယ်။

ယခုလတ်တလောမှာတော့ Mrtv-4က ထုတ်လွှင့်တဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲ တွေကို ရိုက်ကူးလျက်ရှိပြီး ကြော်ငြာတွေကိုလည်းရိုက်ကူးပေးနေပါတယ်နော်။ ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးတွေနဲ့ photo shooting တွေရိုက်ကူးတာကိုလည်းပရိသတ်ကြီးတို့ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ သဘာဝကျကျသရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ တတိုင်းပြည်လုံးရှိပရိသတ်တွေက တစ်ခဲနက်ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

"ကြယ်ကလေးရဲ့ကောင်းကင်" ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင် အခုလက်ရှိပြသနေပြီး သူမရဲ့ သရုပ်ဆောင် မှုတွေကို ပရိသတ်တွေ ရှုစားကြရမှာပါ...။ ပိုးကြာဖြူခင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရ အောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "L’ORÉAL Paris red carpet ပွဲတက်ခဲ့တဲ့ပုံလေးတွေပါ ရွှေရောင် ချစ်ပန်းအိမ်လေး လှရဲ့လား" ဆိုတဲ့ status လေးနဲ့တကွ အမှတ်တရ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Poe Kyar Phyu Khin

Photo Credit Nyein Chan Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။