မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာလို့သတ်မှတ်ခံထားရတဲ့ ဟိန်းမင်းသူဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ် နှုတ်ခမ်းနီမလေးတွေအလယ်မှာ နာမည်ကြီးရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ မိန်းကလေးပရိတ်သတ်တွေကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။ " Silent ” လို့အမည်ရတဲ့သီချင်းလေးကို အဆိုတော်မိုးထက်နဲ့တွဲဖက်သီဆိုရာမှတစ်ဆင့် နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်ခြင်းကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်။

ဟိန်းမင်းသူတစ်ယောက်ကတော့ ဂီတလောကတွင်အောင်မြင်ရုံသာမကပဲ ရုပ်သံဇာတ်လမ်းတွဲတွေမှတစ်ဆင့်အနုပညာလောကထဲကိုပါ ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အချစ်တော်ဟိန်းမင်းသူဟာ အထက်တန်းကျောင်းသားဘဝကတည်းကပင် သီချင်းတွေကိုယ်တိုင်ရေးဖွဲ့နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

ပရိသတ်တွေချစ်ခင်ကြတဲ့ ဟိန်းမင်းသူကတော့ ယနေ့မှာတော့ သာသနာ့ဘောင်သို့ ခေတ္တခဏဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ယက်မှာလည်း " လူနတ်ဗြဟ္မာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ

ဦးသောဝိဏ " ဆိုပြီးဝေမျှထားတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ဦးဇင်းရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။