ပရိသတ်ကြီးရေ ခန္ဓာကိုယ်ကောက်ကြောင်းအလှလေးကိုပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့ အသည်းစွဲဖြစ်တဲ့ မော်ဒယ်နန်းအမရာကိုသိကြမယ်ထင်ပါတယ်နော်။ ၂၀၁၇မှာ Miss Asean Myanmar သရဖူကိုပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပြီး အခုအချိန်ထိတိုင် social media လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှီတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ သူမက အမြဲ လှပနေဖို့အတွက် gym ကိုအချိန်ပေးပြီး ပုံမှန်ဆော့ဖြစ်တာကိုလည်း ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ရမှဖြစ်ပါတယ်။

သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အချိုးအစား အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးရှုမြင်ခံစားလို့ရအောင် စဉ်ဆက်မပြတ် ထုတ်ဖော်တင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်။ gym ဝါသနာပါသူတင် မဟုတ်ဘဲ sexy dance လေးတွေကို မကြာခဏ ကတက်ပြီး ပရိသတ်တို့စိတ်နှလုံးချမ်းမြေ့ရအောင် tik tok ဗီဒီယိုဖိုင်လေးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်..။

နန်းအမရာက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "L’OREAL Red Carpet" ပွဲသို့တက်ရောက်ခဲ့ပြီး ချစ်သူနဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါသေးတယ်...။ Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Nan Amara

Photo Credit Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။