ဗီယက်နမ်နိုင်ငံ နာထရန်မြို့တွင် ကျင်းပလျက်ရှိသည့် International U-19 Football Tournament 2017 ပြိုင်ပွဲ၏ အုပ်စု နောက်ဆုံးပွဲစဉ်များကို ဧပြီလ (၂၀) ရက်တွင် ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက HAGL JMG FC ယူ-၁၉ အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် လေးပွဲကစား နှစ်ပွဲနိုင် နှစ်ပွဲရှုံး ရမှတ် (၆) မှတ်ဖြင့် အုပ်စု တတိယနေရာတွင် ရပ်တည်ခဲ့သည့်အတွက် ဧပြီလ (၂၂) ရက်နေ့ ညနေ (၃း၃၀) နာရီတွင် HAGL JMG FC ယူ-၁၉ အသင်းနှင့်ပင် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။