ပရိသတ်ကြီးရေ မကြီးစိုးလို့အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောစိုးမြတ်သူဇာဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်နော်။မကြီးစိုးကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး သူမရဲ့သရုပ်ဆောင်ချက် အိုင်တင်တွေကတော့ ဟိုးတုန်းကလိုပဲ ပရိသတ်ကြီးကိုအကြိုက်တွေ့စေပါတယ်နော်။

မကြီးစိုးကတော့ မိသားစုထဲမှာ သမီးကြီးတစ်ယောက်ဖြစ်လို့ ညီမတွေအပေါ်မှာလည်း အမကြီးအမိရာအနေနဲ့စောင့်ရှောက်သလို တူ၊တူမတွေအပေါ်မှာလည်း အဒေါ်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မကြီးစိုးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်လင်းပြီးသဘောမနောကောင်းတဲ့မင်းသမီးကြီးပါနော်။

မကြီးစိုးရဲ့ချစ်ပရိသတ်တွေကလည်း သူမရဲ့ရိုးသားပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ပုံလေးတွေကိုချစ်နေရတာဖြစ်ပြီး မကြီးရဲ့လုပ်ရှားမှုမှန်သမျှကို အမြဲတမ်းလက်ခုပ်တီးအားပေးတဲ့ပရိသတ်ကြီးပါနော်။အခုဆိုရင်လည်း မကြီးစိုးက ချစ်ပရိသတ်တွေနဲ့အတူတူ ဟင်္သာတမှာ ဒီနေ့မနက်အစောကြီးသစ်ပင်သွားစိုက်နေတာဖြစ်ပါတယ်။ဦးထုပ်အကြီးကြီးဆောင်းပြီးပရိသတ်တွေနဲ့အတူ တပြေးညီဆက်ဆံကာ ပျော်ပျော်ရွှင်ရွှင် အပင်စိုက်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Soe Kyi Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။