ပရိသတ်ကြီးလဲ အိမ်မွေးခွေးလေးတွေကိုချစ်မယ်လို့ထင်ပါတယ်။ ပြီးတော့ Selena Gomez ဟာလဲ သူမရဲ့အချစ်တော်ခွေးလေးအသစ်ဖြစ်တဲ့ Winnie ကိုချစ်ပါတယ်။ အခုအပတ်ထဲမှာဆိုရင်တော့သူမဟာ Los Angeles မြို့မှာ သူမရဲ့သူငယ်ချင်းတွေနဲ့အပြင် ခွေးကလေးကိုပါခေါ်ပြီး နွေရာသီကိုဖြတ်သန်းနေပါတယ်။ Selenaတစ်ယောက်လဲ ခုတလော ပတ်သွားနေသလားလို့တောင်ပြောရမလားပဲ။ 

အသက်၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေးဟာဆိုရင် အဲ့နေ့တုန်းကတော့ နွေဆိုပေမဲ့လဲ လုံလုံခြုံခြုံဝတ်လို့ထားပါတယ်။ သူမရဲ့ခွေးလေးကလဲ သူမနဲ့အတူအပြင်ကိုပထမဆုံးအကြိမ် အပြင်ကိုခေါ်ထုတ်ခံရခြင်းမဟုတ်ပဲ သူမနဲ့အတူApril လတုန်းက Coachella ဂီတပွဲတော်မှာလဲ အတူတူထွက်ရှိခဲ့ဖူးပါတယ်။ ခွေးချစ်တတ်တဲ့သူတွေထဲမှာ Selena တစ်ယောက်လဲ အပါအဝင်ပါပဲ....လူရောခွေးရောကလဲချစ်ဖို့ကောင်းပါတယ်။  

သူမဟာလဲမကြာသေးခင်ကမှ ရုပ်ရှင်ကားတစ်ကားကိုထွက်ရှိထားတာဖြစ်ပါတယ်။ ကားနာမည်ကတော့ The Dead Don't Die ဆိုတဲ့ကားပဲဖြစ်ကာ Zombie Comedy ကားအမျိုးအစားတစ်ကားပဲဖြစ်ပါတယ်။ အထူးရုပ်ရှင်ပြပွဲဖြစ်တဲ့ Cannes ရုပ်ရှင်ပြပွဲမှာလဲ အဲ့ကားကိုပြခဲ့ပြီး သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်တွေလဲတက်ရောက်ခဲ့ကြပါတယ်။ အဲ့နေ့တုန်းကဆိုရင်တော့ သူမနဲ့ တွဲဖင်သရုပ်တောင် Bill Murray တို့ကတော့ လိုက်ဖက်တဲ့အတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။