တကယ်လိုသင်ဟာဘီလံျနာဖြစ်တဲ့ချိန်မှာ ဇိမ်ခံကား ၇ကားလောက်ရှိရမဲ့အစား ဘာလု့ိတစ်ကားပဲရှိနေရမှာလဲ။ အဲ့စကားတော့ Kylie Jenner ရဲ့ Instagram ပေါ်မှာတင်ထားတဲ့ ဇိမ်ခံကားစုစည်းမှုပုံကိုကြည့်ပြီးပြောတာပါ။ သူမရဲ့ အသက်ဟာခုချိန်မှာ ၂၁နှစ်သာရှိသေးပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်ဖြစ်ပါတယ်။ ပုံထဲမှာဆိုရင်တော့ သူမရဲ့ကားတွေအကုန်လုံးဟာ အမြင့်စားတွေပါပဲ။ 

သူမရဲ့နောက်ဆုံးဝယ်ထားတဲ့ ဇိမ်ခံကားပဲဖြစ်ကာ အမျိုးအစားနာမည်ကတော့ Rolls-Royce Phantom ပဲဖြစ်ကာ တန်ဖိုးကတော့ ဒေါ်လာ ၄၅၀,၀၀၀ ပဲဖြစ်ပါတယ်။ ၂၁နှစ်သာရှိသေးပေမဲ့ကြိုးစားမှုကြောင့် ဘီလံနာတစ်ယောက်ဖြစ်လာတဲ့ အတုယူစရာကောင်းတဲ့ နာမည်ကြီး တစ်ယောက်ပါ။ ပြီးတော့သူမဟာ ကလေးအမေတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ကားတစ်ကားတောင်အ့ဲလောက် တန်ဖိုးရှိနေပြီနောက်ကကျန်တဲ့ကားနဲ့ ပိုင်ဆိုင်တဲ့ပမာဏကတော့ ပြောစရာမလိုလောက်အောင်တော့ပါပဲ။  

သူမရဲ့ Caption ကတော့ " Got That Friday Felin " ဆိုပြီးရေးတင်ကာ သူတို့လဲသောကြာနေ့ဆို အရမ်းပျော်တာကို သိရှိရပါတယ်။ ဟုတ်လဲဟုတ်ပါတယ်...သောကြာနေ့ကပေါ်လာတဲ့အပျော်က ကျန်တဲ့နေ့တွေကပေါ်လာတဲ့အပျေ်ာနဲ့ယှဉ်မရပါ။ သူမထိုင်ထားတဲ့ကားဟာဆိုရင်တော့ ၂၀၁၈ခုနှစ်တုန်းကဝယ်ထားတဲ့ Ferrari ကားပဲဖြစ်ကာ တန်ဖိုးကတော့ ဒေါ်လာ ၄၀၀,၀၀၀ ပဲဖြစ်ပါတယ်။ သူမရဲ့ ကားတွေကိုလဲ ဝယ်တုန်းကအတိုင်းမထားပဲ ပြန်လည်ပြီဆေးခြယ်တာတွေ ပြုပြင်ပြောင်းလဲတာတွေကိုလဲ ဒေါ်လာများစွာအကုန်အကျခံပြီးလုပ်ထားပါသေးတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။