ကျွန်တော်တို့တွေ လေယာဉ်စီးတဲ့ခါ လေတွေပြင်းထန်းစွာ တိုက်ခတ်နေတဲ့ချိန်ဆို စိတ်လှုပ်ရှားကာ ခရီးအဆုံးထိရောက်ပ့မလားဆိုပြီး စိုးရိမ်လျက်၇ှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေရဲ့စိတ်လှုပ်ရှားမှုက ၁၉၅၀ခုနှစ်လောက်က စိတ်လှုပ်ရှားမှုတွေ အဖြစ်အပျက်တွေနဲ့ ယှဉ်လို့မရဘူးဆိုတာကို ၁၉၅၀ခုနှစ်က လေယာဉ်မယ်တစ်ယောက်ကရှင်းပြခဲ့ပါတယ်။ Ethel Pattison ဆိုတဲ့အဖွားအိုးဟာ ၁၉၅၀ခုနှစ်တုန်းက United လေကြောင်းလမ်းမှာ လေယာဉ်မယ်လုပ်ခဲ့သူဖြစ်ပြီး အခုဆိုရင် သူမအသက်ဟာ ၉၃နှစ်ရှိပြီပဲဖြစ်ပါတယ်။ 

သူမဟာ အဲ့ခုနှစ်တုန်းက လေယာဉ်တွေ ရင်ဆိုင်ခဲ့ရတဲ မိုးလေဝသအခြေအနေက ယနေ့ခေတ်ထက် များစွာဆိုးတယ်လို့ပြောကြားခဲ့ပါတယ်။ အဲ့လိုအဖြေအနေတွေကြောင့်ပဲ အဲနေ့အဲ့အခါက လေယာဉ်တွေပျက်ကျခဲ့တဲ့အမှုများစွာရှိကာ ၁၉၅၀ နဲ့ ၁၉၆၀မှာ တစ်နှစ်စီကို အနည်းဆုံး ၆ကြိမ်လောက် ပျက်ကျကြပါတယ်လို့ပြောခဲ့ပါတယ်။အဲ့လိုပျက်ကျတဲ့အခါ လေယာဉ်ပေါ်က ခရီးသည်ရော လေယာဉ်မှုးတွေပါ အကုန်သေဆုံးကြရပါတယ်။ ကံကောင်းပြီး အသက်ရှင်သူတစ်ယောက်တစ်လေတောင် မရှိပါဘူး။   

ယနေ့ခေတ်မှာတော့ လေယာဉ်တွေဟာ ခေတ်မှီလာပြီးဖြစ်တဲ့အတွက် လေယာဉ်ပျက်ကျမှုတွေကို လောျ့ချလာနိုင်ပါပြီ။ ATAG ရဲ့အဆိုအရ ကမ္ဘာအနှံမှာ တစ်နေ့ကို ပျံသန်းမှုပေါင်း ၁သိန်းရှိပါတယ်လို့ပြောပါတယ်။ အဲ့လို့လေယာဉ်နဲ့ခရီးသွားတဲ့အခါ ၁၁သန်းမှ ၁ခါလောက်တော့ လေယာဉ်မတော်တဆမှုရှိနိုင်တယ်လို့ Harvard University က David Ropeik ကပြောကြားခဲ့ပါတယ်။၁၉၅၀ခုနှစ်တုန်းက လေယာဉ်နဲ့ခရီးသွားသူတွေ ဘယ်လောက်တောင်စိုးရိမ်ခဲ့ကြမလဲ။  

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။