မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အဆိုတော်၊ သရုပ်ဆောင် ရွှေထူးနဲ့ အိမ်ထောင်ကျပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ ရွှေမှုန်လေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ အဓိကရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုန်က တစ်နေ့တစ်ခြား ပိုပိုပြီးလှသွေးကြွယ်လာတာကြောင့် ခင်ပွန်းဖြစ်သူ ရွှေထူးကတောင် ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရွှေမှုန်က ချစ်ခင်ပွန်းရွှေထူးနဲ့အတူ ပွဲအခမ်းအနားတွေသာ အဓိကတက်ရောက်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ '' ချာလီဘ '' ရုပ်ရှင်ဇာတ်ကားကြီးရဲ့အထူးပွဲကိုလည်း ရွှေမှုန်လေးက တက်ရောက်ခဲ့ပါသေးတယ်။ ဒီပွဲလေးမှာတော့ ရွှေမှုန်က ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်အဖြစ် သွက်သွက်လက်လက်နဲ့ အရမ်းကို ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

အဖြူရောင်ဝတ်စုံလေးနဲ့ ကြွကြွရွရွလေး ပွဲတက်လာတဲ့ ရွှေမှုန်က နတ်မိမယ်လေးတစ်ပါးလို အလှတွေဖြာနေခဲ့တာ ဖြစ်ပါတယ်။ နှုတ်ခမ်းလေးစူပြီး ပို့စ်ပေးနေတဲ့ ရွှေမှုန်လေးရဲ့ချစ်စရာပုံစံလေးကလည်း အရမ်းကို အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် '' ချာလီဘ '' ဇာတ်ကားရဲ့ Press Show ပွဲကိုတက်ရောက်လာတဲ့ ရွှေမှုန်ရတီရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati;

Photo Credit - Nay Min Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။