Western Australiaမှာရှိတဲ့ Indian ocean ရဲ့ ကမ်းရိုးတန်းတစ်ခုမှာ ထူးခြားဆန်းပြာတဲ့ အမျုးိအမည်မသိ သက်ရှိတစ်မျိုးကိုတွေ့ခဲ့ပါတယ်။ လူတွေကဂြိုလ်သားများလိုတောင် မေးခွန်းတွေထုတ်နေကြပါတယ်။ အဲ့ပုံကိုရိုက်ခဲ့တဲ့ လူကတော့ သူ့အမေနဲ့ သ့ူကောင်မလေးတို့ ကမ်းခြေဘက် လမ်းလျှောက်ထွက်ရင်တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်။ 

အဲ့သက်ရှိပုံစံကတော့ ဝိုင်းနေပြီး ဘေးဘက်မှာ အဖျားကမဲနက်နေတဲ့ ပြည်ကြီးငါးလိုမျိုး လက်တွေများစွာပါပါတယ်။ အဲ့ပုံကိုရိုက်တဲ့သူက" အမေနဲ့ ကောင်မလေးက ဒီသက်ရှိကို ကမ်းခြေမှာတွေ့ခဲ့တာပါ .... တစ်ယောက်ယောက်များ ဒီ သက်ရှိမျိုးစိတ်ကိုသိနိုင်လားဗျ.....ကျွန်တော် googleမှာရှာကြည့်ပေမဲ့ အဲ့လိုသက်ရှိကိုမတွေ့လိုပါဗျာ "လို့ပြောထားပါတယ်။ ထိုအခါမှာတော့လူတွေဝင်မန့်ကြပါတယ်။ 

တစ်ယောက်က "ဒါဘာကြီးလဲ....ကြည်ရတာ ဘာလိုလိုညာလိုလိုနဲ့ ဂြိုလ်သားကြနေတာပဲ "လို့မန့်ပြီး နောက်တစ်ယောက်က " ဒါက အနီမိုနီပန်းဖြစ်လောက်မယ် " လို့မန့်ထားပါတယ်....များစွာသောလူတွေလဲ အဲ့ပန်းလု့ိပဲပြောထားပါတယ်။ အနီမိုနီပန်း ဆိုတာက jelly fishလိုမျိုးဖြစ်ပြီး သူတို့ကို သမုဒ္ဒရာ အနှံမှာတွေရှိနိုင်တဲ့ပန်းတစ်မျိုးဖြစ်ကာ နှစ် ၈၀လောက်ထိ အသက်ရှည်နိုင်ပါတယ်။ အဲ့လိုပန်းတွေက မျိုးစိတ်ပေါင်း ၇၀ကျော်လောက်ရှိပါတယ်။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။