Night Club တစ်ခုမှာ သန့်ရှေ့လုပ်တဲ့ အလုပ်သမားတစ်ယောက်ဟာ စာအိတ်တစ်ခုကို သန့်ရှင်းရေလုပ်နေတုန်းတွေခဲ့ရပါတယ်။ စာအိတ်ကတော့ ကိုယ်ဝန်ရှိနေတဲ့မိန်းကလေးတစ်ယောက်က သူရဲ့ကောင်လေးဆိကို ပို့ပေးထားပုံပါပဲ။ အဲ့စာအိတ်ဟာ ဖွင့်ထားချင်းမရှိပဲ သန့်ရှင်းရေးအလုပ်သမားဟာဖွင့်ဖတ်ချင်စိတ်ကို မခုခံနိုင်ခဲ့ပါဘူး။ အဲ့လိုနဲ့ပဲသူ စာအိတ်ကိုဖောက်ကာ ဖွင့်ဖတ်လိုက်ပါတယ်။  

အဲ့ clubပိုင်ရှင်ကတော့ သူရဲ့ Facebook pageမှာ " ကျွန်တော်တို့သန့်ရှင်းရေးအလုပ်သမားတစ်ယောက်က party အပြီးမှာ သန့်ရှင်းရေးလုပ်နေတုန်းစာအိတ်တစ်အိတ်ကို ကောက်ရခဲ့ပါတယ်...ကျွန်တော်တို့စောနကလေးတင်ဖွင့်ဖတ်လိုက်ပါတယ်....အခုတော့ ကျွန်တော်တို့ သိဖို့လိုပါတယ်....Johnကရော သိနိုင်မလား " ဆိုပြီးရေးတင်ခဲ့ပါတယ်။ စာကတော့သိပ်မထူးခြားလှပါဘူး....ညနက်သန်ခေါင်းမှာ ဖွင့်ဖတ်ခိုင်းဖို့ကလွဲရင်ပေါ့။စာအရဆို ကောင်မလေးက ကောင်လေးဆိကို အဲ့ညပါတီမှာ မလာနိုင်တော့ကြောင့် ဒီစာကိုပေးပေးပါရန် အကူအညီတောင်းခဲ့ပြီ ညနက်မှဖွင့်ဖတ်ဖို့ရန်နှင့် စာထဲမှာလဲ သူမှာကလေးရှိနေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။  

လက်မှတ်နေရာမှာ Sarah ရယ် အနမ်းတစ်ခုရယ် ပန်းရောင်အသည်းနှလုံးပုံရယ် ပါဝင်ခဲ့ပါတယ်။ အဲ့postကိုတော့ လူပေါင်း ၁၃၀၀၀၀ ဟာshareထားပြီး များစွာသောသူတွေက မန့်ကြပါတယ်။ တချို့ကတော့ ချီးကြူးဂုဏ်ပြုကြပေမဲ့ တချို့ကတော့ ဒီစာကို မေးခွန်ထုတ်နေခဲ့ပါတယ်။ ဘာလို့အဲ့ကောင်လေးက စာအိတ်ကိုမဖောက်ခဲ့တာလဲ ပေးရမဲ့သူကလဲ ပေးဖို့မေ့နေတာလား အမူးလွန်ခဲ့တာလား ဘာလို့လဲ....တကယ်တော့ ဒီစာပိုင်ရှင်ကောင်မလေးက သေဆုံးခဲ့တာကြာပါပြီ။ ပြီးတော့ခုချိန်မှာဆို Post ဟာလဲ မရှိတော့ပါဘူး။

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။