Super Model Mဆိုင်းလုရဲ့အဖြူရောင်ဖက်ရှင်အလှတွေဟာ Loreal ရဲ့ red carpet 2019 ပွဲမှာ ထင်းခနဲ့ပေါ်လွင်နေခဲ့တာပဲဖြစ်ပါတယ်။ ရင်ခုန်ချင်စရာကောင်းလွန်းတဲ့ သူမရဲ့ အလှအပတွေဟာ မြင်သူတိုင်းယစ်မူးချင်စရာကောင်းလောက်အောင် ညို့ယူဖမ်းစားလို့ နေပါတယ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ မြင့်မားတဲ့အရပ်တို့ကိုပိုင်ဆိုင်ထားပြီး ချစ်စရာ ကောင်းတဲ့မျက်နှာလေးကလည်း သူမကို ပြီးပြည့်စုံတဲ့ Model တစ်ယောက်အဖြစ် ရပ်တည်စေခဲ့တာပဲဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေမရှိသေးတဲ့သူမဟာ Model အဖြစ်နဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ အောင်အောင်မြင်မြင်နဲ့လျှောက်လှမ်းနေသူတစ်ယောက် လည်းဖြစ်ပါတယ်။ စကားသံဝဲဝဲလေးနဲ့ တိုင်းရင်းသူလေးရဲ့ချစ်စရာကောင်းတဲ့အပြုံး အောက်မှာ ကျရှုံးသူတွေအတုန်းအရုံးပါပဲ။ အမြဲတမ်း Fashionable ဖြစ်နေပြီး ခရီးတွေ လည်းမကြာခဏထွက်တတ်သူလေးပါ။

အချစ်ရေးမှာလည်း Single အဖြစ်နဲ့ဖြတ်သန်းနေပြီး သူမရဲ့မိသားစုကို အချိန်ပေးတတ်သူ တစ်ယောက်ပါ။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် အမြဲလိုလို ခရီးသွား တတ်ပြီး ဘဝကိုပျော်ရွှင်အေးချမ်းမှုတွေနဲ့ဖြတ်သန်းနေတဲ့ တိုင်းရင်းသူ Super Model လေးရဲ့ ပွဲတက်ပုံရိပ်တွေကို ဝေမျှပေးလိုက်ပြီနော်။

Source - M Seng Lu

Photo - One and Only Aung Kyaw Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။