ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာအသိုင်းအဝိုင်းမှာ ဟိုးအရင်အချိန် အချိန်အခါကနေပြီးတော့ အခုထက်ထိအောင်မြင်နေဆဲ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပယအဝင်ဖြစ်တဲ့ မေကဗျာကိုမသိတဲ့သူမရှိပါဘူးနော်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ပြနိုင်တာကြောင့် အားလုံးရဲ့ လက်ခုပ်သံတွေက သူမအတွက်ဖြစ်နေခဲ့ရပါတယ်။

သူမဟာလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို အချိန်ရရင်ရသလို လုပ်ဖြစ်နေပြီးတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတယ်လို့သိရပါတယ်နော်။ ဒါ့အပြင်သူမဟာ ဘယ်တော့မှ အသက်ကြီးသွားတယ်လို့မထင်ရလောက်အောင်ကို ကျက်သရေရှိပြီး နုပျိုလှပတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားသူပါနော်။

သူမဟာ လတ်တလော လှုပ်ရှားမှုအနေနဲ့ ပွဲလေးတွေတက်ဖြစ်နေတာကိုတွေ့ရပြီးတော့ အခုတစ်ခါမှာတော့ Sule Mogok Grand Opening Ceremonyကို အမိုက်စားဖက်ရှင်လေးနဲ့တက်ရောက်လာတာကိုတွေ့ရပါတယ်နော်။ ထိုင်းမင်းသမီးလေးလို ကျော့ကျော့လေးပြင်ဆင်လာပြီးတော့ ပခုံးထက်က အရမ်းမိုက်တဲ့ တက်တူးလှလှလေးနဲ့ ပရိတ်သတ်တွေကို ရင်ခုန် အံ့အားသင့် စေခဲ့ပြန်ပါတယ်နော်။ ကဲ... မြင်သူတကာ လည်ပြန်ငေးရလောက်အောင်ကို ဆွဲဆောင်မှုရှိလွန်းနေခဲ့တဲ့ မေကဗျာရဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : May Kabyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။